12

3.1K 413 49
                                    

For Unicode

ဆောင်းရာသီထက် ဆောင်း၀င်စ အစောပိုင်းကာလလေးကို ဂျီမင်က သိပ်ကြိုက်တယ်။

အရမ်းလည်း မချမ်းမအေးနဲ့ နေလို့ကောင်းတဲ့ရာသီပေါ့။
ပန်းပင်တွေကလဲ အပြိုင်အဆိုင် ပွင့်ဖူးဖို့ပြင်နေကြသလို လေထုကလည်း အမြဲတမ်းချိုမြိန်အေးမြနေတတ်တယ်။

ကျောင်းတွင်း မေဂျာပြိုင်ပွဲတွေပြီးတော့ ကျောင်းပေါင်းစုံ ကျင်းပတဲ့ အားကစားပွဲတွေကလည်း ဒီကာလမှာရက်ဆက်လာသည်။

သူတို့ကျောင်းရဲ့ နာမည်အကြီးဆုံး ဘတ်စကတ်ဘောအသင်းကတော့ နေ့မအား ၊ ညမနားကို ထရိန်း နေရတော့တာပါပဲ။

အစ်ကိုယွန်းဂီဆိုရင် မိုးလင်းကနေ မိုးချုပ်အထိ အားကစားခန်းမမှာပဲ အချိန်ကုန်တော့သည်။

ဒီတော့ ဂျီမင်တို့အငယ်တွေမှာလည်း မစားသာလှ။
ရေဗူး၀ယ်တာက အစ ၊ ညလယ်စာအဆုံး စီနီယာတွေ လိုတာ ရနိုင်ဖို့ အမြဲအဆင်သင့်ပြင်နေရတော့၏။

လျှပ်စစ် မီးရောင် တစ်ထိန်ထိန်နဲ့ အားကစားခန်းမကြီးမှာ ညနက်နေသော်လည်း အသံတွေက ဆူညံနေသည်။

ကြက်တောင်ရိုက်အဖွဲ့ကအသံတွေရော၊ ရယ်သံတွေရော၊ ဘောလုံးပုတ်သံတစ်ဘုတ်ဘုတ်ကလည်း နားစည်ကွဲမတတ်။
အနီးနားက ဘောလုံးကွင်းမှာလည်း ကျောင်းလက်ရွေးစဉ် ဘောလုံးအသင်းက  ဆဲလိုက်၊ ရယ်လိုက်နဲ့ တအုန်းအုန်း...
ပျော်တော့ပျော်စရာအတော်ကောင်းသား..

ဂျီမင် သူ၀ယ်လာတဲ့ ညလယ်စာ အသားညှပ်ပေါင်မုန့် တွေနဲ့ ကိုလာဗူးကြီးတွေကို ကိုင်ကာ ခန်းမထဲ၀င်တော့ လေ့ကျင့်နေတဲ့ သူတွေအကုန်လုံးက ဝိုင်းကြည့်ကြ၏။

" အငယ်လေး! မြန်မြန်လာကွာ "

အစ်ကိုဘုံဟွန်းက မုန့်တွေကို လူလုမှာစိုးသည့်အလား သူရှိရာပြေးလာကာ အမြန်ဆွဲခေါ်သွား၏။

အစ်ကိုယွန်းဂီကိုမတွေ့၍ ကြည့်လိုက်တော့ ပွဲကြည့်စဉ် ပေါ်က ခုံရောင်စုံကြားမှာ အနွေးထည်ပါးပါးကို မျက်နှာအုပ်လျှက် အိပ်နေတာကိုတွေ့ရ၏။

" အစ်ကိုဘုံဟွန်း "

" ဟေ "

အစ်ကို ဘုံဟွန်းက ကိုလာဗူး ကိုဖောက်ဖို့ ပြင်နေရာကနေ ထူးရှာသည်။

SpectrumWhere stories live. Discover now