For Unicode
စိတ်ဆိုးတယ်....။
ဂျီမင် တကယ်ပဲ မင့် ကို စိတ်ဆိုးပါတယ်။
မင်ကလည်း သူအရမ်းစိတ်ဆိုးနေတာမြင်တော့ ဘာလုပ်ရမှန်းမသိပဲ ငူငူကြီး အိမ်ရှေ့က အသစ်လုပ်ထားတဲ့ ခုံတန်းလေးပေါ်မှာ ထိုင်နေသည်။
နေညိုလာပြီ ဖြစ်တာမို့ ငှက်တစ်ချို့က အိပ်တန်းတတ်ရင်း နှုတ်ဆက်သွားကြ၏။
တစ်ဖန်ပြန်လည် ရောက်ရှိလာတဲ့ နွေရာသီမှာ ဂျီမင်တောင် ဒုတိယနှစ်ကိုရောက်ခဲ့ပြီပဲ...။ကျောင်းတွေက ပြန်ဖွင့်နေပေမယ့် တစ်ပါတ် လောက်ထိကတော့ သူမတတ်သေး။
နောက်လကျရင် မင်ရဲ့ ဘွဲ့ယူရမဲ့ နေ့တောင် ရောက်တော့မယ်။
ဒီအချိန်ကာအပိုင်းအခြားမှာ ကြားလိုက်ရတဲ့ မင့် နှုတ်ဖျားက စကားကြောင့် ဂျီမင်ရဲ့ ပျော်ရွှင်စရာဟုတွေးမှတ်ခဲ့ရတဲ့ ညနေခင်းဟာ ပျက်ဆီးသွားသည်။
" မင် က ကျွန်တော့်ကိုထားသွားဖို့ တွေးနေတာပဲ "
" ကိုယ် မင်းကို ဘယ်မှာထားသွားမှာမို့လဲ ဂျီမင်ရယ် "
" မပြောနဲ့...မင် လေ့ကျင့်ရေးဆင်းတဲ့ တစ်နှစ် ကာလမှာ ကျွန်တော်ပဲ ကျန်ခဲ့ရတော့မှာပေါ့..ကျွန်တော့်ဘက်ကျတွေးမပေးဘူး "
မင်က ကျောင်းပြီးတာနဲ့ နိုင်ငံ ဘတ်စကတ်ဘော အသင်းထဲ ကို ၀င်ချင်တယ်။ အားကစားတက္ကသိုလ်ကမဟုတ်တာမို့ အစကပြန်ကြိုးစားရမည့်အပြင် လူရွေးပွဲအဆင့်ဆင့်နဲ့ လေ့ကျင့်ရေးကာလရှည်ကလည်း ၀င်ရအုံးမည်တဲ့။
ဒါကို သူဘယ်လိုလုပ် လက်ခံနိုင်မှာလဲ?
သက်ပြင်းချသံ လေးလေးက မင့်ဆီကနေ ထွက်လာသည်။
" ကိုယ် တောင်းပန်ပါတယ်...
ဂျီမင်က မသွားစေချင်ရင် မသွားတော့ဘူး...ဒါဆိုရပြီလား "လိုချင်တဲ့အဖြေဖြစ်သော်လည်း ဂျီမင်သဘောမကျတော့ပါ။
နိုင်ငံ့လက်ရွေးစင် အားကစားသမားတစ်ယောက်ဖြစ်ချင်တဲ့ မင့် အိပ်မက်တွေကို သူကရိုက်ချိုးနေတာပဲ။
ဒါက ချစ်သူတစ်ယောက်ရဲ့ စွက်ဖက်ပိုင်ခွင့် စည်းကို ကျော်သွားမိလိုက်တာ...
သူ့ဆန္ဒကို အရေးပေးပြီး မင့်အိပ်မက်ကို မသိကျိုးနွံပြုမိတာ....
YOU ARE READING
Spectrum
Fanficပျော်ရွှင်ခြင်းနဲ့ ၀မ်းနည်းခြင်းတွေ အချိုးကျကျ ရောစပ်ထားတဲ့ ဘ၀ မှာ ကျွန်တော်ဟာ သူ့ရဲ့ ပျော်ရွှင်ခြင်းရာခိုင်နှုန်းလေးအဖြစ်နေရာယူချင်ခဲ့တယ်။