For Unicode
ပြိုင်ပွဲကာလတစ်လျှောက် ရေပန်းစားတာ စီနီယာ ယွန်းဂီ တစ်ယောက်ပဲမဟုတ် ဂျီမင် ပါအဆစ်ပါလာသည်။
အနိုင်ရတိုင်း လက်ခုပ်လက်ဝါးတီးကာ ပျော်နေသည့်ပုံတွေ
ရေဘူးကြီးကို တစ်ဒုန်းဒုန်းထုကာ ကုန်းအော်နေသည့် ပုံတွေကအစ
လက်ညိုးတစ်ထိုးထိုးနဲ့ သောင်းကျန်းနေတဲ့ ပုံတွေအဆုံး NFမှာနေရာယူလာသည်။
ဂျီမင်ကတော့ တတ်လာသမျှသူ့ပုံတွေကို ကြိတ်ရယ်ရင်း ဆေ့တတ်သည်။
တစ်ခါတစ်လေ ကျောင်းpageအောက်က mentionခေါ်သမျှကိုလဲ သွားသွားမန့်တတ်၏။
အကုန်စစနောက်နောက်နဲ့ ပျော်စရာကြီးရယ်ပါ။ဒီနေ့က နောက်ဆုံးပွဲ။
ပွဲမစခင် စီနီယာယွန်းဂီတို့က အငယ်တွေကို အအေးလိုက်တိုက်တာမို့ အားရပါးရသောက်လိုက်ရသေးသည်။
ဂျီမင်သတိထားမိတာက ဘယ်အချိန်ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ပိုက်ဆံဆိုရင် စီနီယာ ယွန်းဂီကပဲ ရှင်းတတ်ကာ ကျန်တဲ့သူတွေကလဲ မတား...
သူတို့ကအငယ်တွေဆိုတော့ ပြောခွင့်မရှိပေမဲ့ အားနာလာရတာကတော့ အမှန်ပင်။
" အငယ်လေးတွေ...ဒီနေ့ဘယ်သူကရန်စစ ပြန်မဖြစ်နဲ့နော် ကြားလား "
" ဘာဖြစ်လဲ ကိုယ့်လုပ်ရင်တော့ပြန်လုပ်"
စီနီယာတွေအုပ်စုက စကားအပြန်ပြန်အလှန်လှန်တွတ်ထိုးနေပေမဲ့ စီနီယာ ယွန်းဂီကတော့ စားပွဲထောင့်ကပ်ကာ ဖုန်းကြည့်နေသည်။
ပြီးတော့ နှုတ်ခမ်းကလဲ ယောင်ယောင်လေးပြုံးနေသေး၏။ဒီအစ်ကိုကြီး တစ်ယောက်ယောက်နဲ့ အီစီကလီရိုက်နေတာတော့ မဟုတ်ပါဘူးနော်!
ချဉ်စူးစူးခံစားချက်က ရင်၀ထိတတ်ဆောင့်လာတာမို့ ခံရခက်လှသည်။
ဒါသူများတွေပြောပြောနေတဲ့ 'သ၀န်တို' တယ်ဆိုတာမျိုးလား။" ဂျီမင်..အငယ်လေး "
စီနီယာ ဘုံဟွန်းက မျက်နှာရှေ့ကိုလက်ခါယမ်းတော့မှ ဂျီမင် ကပျာကယာ ဗျ ဟု ပြန်ထူးရသည်။
" အအေးကုန်နေပြီလေ..
ထပ်မှာပေးရမလား "" ဗျာ...ရတယ် ကျွန်တော် အတွေးလွန်သွားလို့ ဟီးဟီး "
YOU ARE READING
Spectrum
Fanfictionပျော်ရွှင်ခြင်းနဲ့ ၀မ်းနည်းခြင်းတွေ အချိုးကျကျ ရောစပ်ထားတဲ့ ဘ၀ မှာ ကျွန်တော်ဟာ သူ့ရဲ့ ပျော်ရွှင်ခြင်းရာခိုင်နှုန်းလေးအဖြစ်နေရာယူချင်ခဲ့တယ်။