For Zawgyi
ဂျီမင် ထင်ထားသလို သူ့ကျောင်းတတ်ရက်တွေက အဆင်မပြေမဖြစ်ခဲ့ပါ။
ဖာသိဖာသာနေတတ်ပုံရတဲ့ စီနီယာယွန်းဂီက လန့်ရပေမဲ့ ဘာမှတော့မလုပ်။
လေ့ကျင့်ရေးမဆင်းပဲ လေပေါနေမိတဲ့အချိန်တွေဆို ချောင်းတစ်ချက်ဟန့်လိုက်တာနဲ့တင် သူတို့တွေ တုန်နေအောင်ကြောက်ရသည်။ဘာလို့ကြောက်တာလဲတော့သေချာမသိ။
သို့သော်ကြောက်တာကတော့ကြောက်ရ၏။အိမ်ချင်းနီးကပ်နေသော်လည်း
သူ့ကိုခပ်ကင်းကင်းသာဆက်ဆံသည်။
စေတနာပိုကာ သူ့ကားနှင့်လိုက်မလားမေးမိရင်လဲ ခေါင်းတခါခါနှင့်သာ ဘတ်စ်ကားမှတ်တိုင်ကိုပဲ လျှောက်သွားတာများသည်။
တခါတလေတော့ သူငယ်ချင်းတွေ ဆိုင်ကယ်နဲ့လာခေါ်လိုက် ကားနဲ့တင်သွားလိုက် လုပ်ကြတာတွေတော့ မြင်ရ၏။" ဂျီမင်ရေ 02ချိန်ပြီးရင် မုန့်သွားစားရအောင်"
စာသင်ချိန်မပြီးသေးသော်လည်း ဘေးခုံက ဒုံဟွန်းက ဖင်တကြွကြွဖြစ်နေလေပြီ။
" 06လစ်မှာလား"
"လစ်ကွာ "
သူတို့နှစ်ယောက်၏ခေါင်းချင်းဆိုင်တိုင်ပင်ခန်းက ဆုံးခန်းတိုင်သွားခဲ့ပြီ။
ဒုံဟွန်းက သူနှင့်အတန်းလဲတူကာ ဘတ်စကပ်ဘောကလပ်ထဲအတင်းဆွဲသွင်းခံရတာလဲတူနေတော့ သူငယ်ချင်းဖြစ်သွားကြသည်ပဲဆိုပါစို့။"ဟာ ဟေ့ကောင် ပြန်လှည့် ပြန်လှည့်"
ဆိုင်ထဲသို့ ခြေပင်မလှမ်းရသေး ဘေးကဒုံဟွန်းက သူ့လက်ကိုအတင်းဆွဲကာ လှည့်ပြေးဖို့ပြင်နေသည်။
"ဘာဖြစ်တာတုန်းကွ"
"ဟိုမှာလေ..စီနီယာတွေဝိုင်းရှိနေတယ်
အခန့်မသင့်ရင် ရှင်းနေရမယ်""အာ..အေးနော်"
"မင်းတို့ကိုရှင်းခိုင်းရအောင် ငါတို့ကငတ်နေတာမှမဟုတ်တာ"
သူတို့နှစ်ယောက်၏ ရှေ့မှပြတ်သားစွာထွက်ပေါ်လာသော ထိုအသံ။ ထို့နောက် သူတို့ဘက်ကိုတစ်ချက်ကလေးမှ ငဲ့စောင်းမကြည့်ပဲ ဆိုင်ထဲသို့ တန်းတန်းမတ်မတ်၀င်သွားသည်။
ဘုရားစူး...စီနီယာယွန်းဂီတကယ်ကြောက်ဖို့ကောင်းတယ်။ ဘယ်ကနေပေါ်လာမှန်းမသိ။
YOU ARE READING
Spectrum
Fanfictionပျော်ရွှင်ခြင်းနဲ့ ၀မ်းနည်းခြင်းတွေ အချိုးကျကျ ရောစပ်ထားတဲ့ ဘ၀ မှာ ကျွန်တော်ဟာ သူ့ရဲ့ ပျော်ရွှင်ခြင်းရာခိုင်နှုန်းလေးအဖြစ်နေရာယူချင်ခဲ့တယ်။