24

3.2K 418 32
                                    

For Unicode

လှလိုက်တာ...။

အမျိုးအမည်မသိ ရောင်စုံပန်းတွေ ဖူးပွင့်နေတဲ့ ခြံ၀န်းကျယ်ကြီးမှာ အပြာနုရောင် တိုက်ခံအိမ်တစ်လုံးက တင့်တယ်လျှက်ရှိသည်။

မညီမညာ အုတ်နီခဲလေးတွေကို ထိုပန်းခင်းလေးကနေ အိမ်ကြီးရှိရာ ဦးတည်ထား၏။

တစ်ဖက်က ကားဂိုဒေါင်မှာတော့ တန်ဖိုးကြီး ကားတွေ လေးစီးထက်မနည်းရှိသည်။

မင် တို့ရဲ့ ချမ်းသာမှုက ဒီလောက်အထိတောင်ဖြစ်မယ် လို့ သူထင်မထား တာတော့အမှန်။

လက်တစ်ဖက်ကို သူ့ခုံနောက်မှာ နေရာယူထားပြီး တစ်ဖက်ထဲနဲ့ ကားမောင်းနေတဲ့ အစ်ကိုယွန်းဂီ က စတိုင်လ်သိပ်ကျတာပဲ....

" ပေါ့ပေါ့ပါးပါးနော်! ထမင်းစားရုံပဲ
ဘာမှ ဖိအားမများနဲ့ "

" ဟုတ်...မင့် ဖေဖေရောရှိမှာလား "

" အင်း...သူက မင်းကိုသဘောကျမှာပါ "

မင် က စာမေးပွဲပြီးပြီးချင်းမှာပဲ ဘူဆန်ပြန်မဲ့ ဂျီမင်ကို အိမ်နဲ့မိတ်ဆက်ပေးမယ်ဆိုပြီး ခေါ်လာတာဖြစ်သည်။

" ‌လာပြီ မေမေတို့ရေ "

သူမသိစဥ်ကခနခနသ၀န်တိုခဲ့ဖူးတဲ့ မင့် ရဲ့ မမက သိပ်ကိုလှသည်။

အဖြူရောင်ဒေစီပွင့်လေးတွေ‌ပါတဲ့ ဂါ၀န်ဝဲဝဲလေးနဲ့ နတ်သမီးလေးတစ်ပါးလိုပဲ...

" ဂျီမင်နော် "

" ဟုတ် "

" ချစ်စရာလေးကွယ် "

" မမ နင်အိမ်ထဲ၀င်တော့
အားကြီး စကားများတယ် "

အစ်ကိုယွန်းဂီရဲ့ မျက်နှာက ပြုံးနေသလို ပါးပြင်ကလည်း ရဲပြေပြေ...

သူထင်ထားသလို မဟုတ်တဲ့ ကြိုဆိုခြင်းကြောင့် ဂျီမင်ရဲ့ ရင်ထဲမှာ နူးညံ့ကြည်နူးမှုတွေ တသီကြီးဖြစ်တည်လာသည်။

" လာကြ...သားလေး ထိုင်နော် "

ပန်းနုရောင် ဆွယ်တာနဲ့ မင့်မေမေက မမလိုပဲ ပြုံးရွှင်ကြည်သာသည်။
ထက်မြတ်မှုနဲ့ နူးညံ့မှုတွေ ရောစပ်နေတဲ့ အမျိုးသမီးတစ်ဦးအသွင်က အထင်းသား..

SpectrumWhere stories live. Discover now