For Unicode
ဆိုးလ်ရဲ့အပူရှိန်ကနောက်စရာမဟုတ်။
တကယ်ကိုပူလွန်းလှသည်။
မြို့ထဲကို လိုအပ်တာတွေသွား၀ယ်နေတဲ့ ဂျီမင် ဟိုပတ်ဒီပတ် လုပ်နေရင်းနဲ့ပင် မူးဝေလာကာ ချွေးတွေပင်ပျံလာရတဲ့အထိ။လက်ထဲက ပြည့်နှက်နေတဲ့ အထုတ်တွေကို ကားပေါ်ပစ်တင်လိုက်ရင်း အအေးဆိုင်တစ်ဆိုင်ဆိုင်ထိုင်ရန်ဆုံးဖြတ်လိုက်သည်။
မျက်စိအေးစေတဲ့ အစိမ်းရောင် ခြယ်တဲ့ ဆိုင်လေးကို မြင်တော့ ဂျီမင်နှစ်ခါစဉ်းစားမနေပဲ ကားကိုချိုးကွေ့လိုက်သည်။
ဆိုင်တံခါးကိုဖွင့်လိုက်တာနဲ့ ဆည်းလည်းလေးတွေက လှုပ်ခါပြီး လေအေးပေးစက်ကြောင့် တစ်ကိုယ်လုံးစိမ့်ခနဲ...။
လမ်းမဘက်ကိုမျက်နှာမူထားတဲ့ စားပွဲတစ်ခုနား ထိုင်ကာ အအေးဓာတ်ကို ဂျီမင်တစ်ယောက်နှစ်ခြိုက်စွာ ခံစားနေလိုက်၏။
ထိုအခိုက် မီနူး စာရွက်လေးကို ကောင်မလေးတစ်ယောက်က လာပေးတာမို့ သူကျေးဇူးတင်စကားပြောဘလူးဘယ်ရီတစ်ခွက်နဲ့ ချယ်ရီကိတ်လေးကိုသူမှာလိုက်သည်။
အအေးဖျော်နေတဲ့လူက မှန်အကာတွေကြောင့် ရုပ်ကိုမမြင်ရသော်လည်း ဖြူသွယ်နေတဲ့ လက်တွေကြောင့် တစ်စုံတစ်ယောက်ကိုပင်ဂျီမင်သတိရသွားရသည်။
ကောင်တာထဲမှ ကိတ်မုန့်ကို ဗန်းလေးထဲထည့်နေတော့မှ နီညိုရောင် ဆံပင်တွေနဲ့ မျက်နှာချောချောက ရှင်းလင်းစွာပေါ်လာတော့၏။
အစ်ကိုယွန်းဂီ!
ဒီမှာလဲ အချိန်ပိုင်းလုပ်တာပဲလား...?
ဂျီမင်နှုတ်ဆက်လိုက်ချင်သော်လည်း လူကျနေချိန်မို့ အနှောင့်ယှက်ဖြစ်သွားမှာစိုး၍ ငြိမ်နေလိုက်၏။မကြာခင်အချိန်အတွင်း စားချင်စဖွယ် ကိတ်မုန့်လေးနဲ့ ဘလူးဘယ်ရီတစ်ခွက်က သူ့ရှေ့ရောက်လာသည်။
" ကျေးဇူးပါ "
သူ့စကားကိုကြားတော့ ကောင်မလေးက ပြုံးရင်း ခေါင်းညိမ့်ပြ၏။
ထို့နောက် နောက်ထပ်အမှာစာတွေကို ခပ်သွက်သွက်လက်ခံရင်း ကောင်တာကို အပြေးလေးပြန်သွားတော့သည်။
YOU ARE READING
Spectrum
Fanfictionပျော်ရွှင်ခြင်းနဲ့ ၀မ်းနည်းခြင်းတွေ အချိုးကျကျ ရောစပ်ထားတဲ့ ဘ၀ မှာ ကျွန်တော်ဟာ သူ့ရဲ့ ပျော်ရွှင်ခြင်းရာခိုင်နှုန်းလေးအဖြစ်နေရာယူချင်ခဲ့တယ်။