For Unicode
လူချမ်းသာတွေနေတဲ့ရပ်ကွက်ဟုမဆိုနိုင်သော်လည်း အတော်အသင့်သပ်ရပ်အေးချမ်းသော ရပ်ကွက်လေးတစ်ခုထဲသို့ ကားလေးတစ်စီး ချိုးကွေ့၀င်ရောက်လာသည်။
အပင်ခပ်အုပ်အုပ်တွေနှင့် မှိုင်းညို့နေတဲ့ ခြံတစ်ရှေ့တွင် ဦးလေးကြီးတစ်ယောက်က ရပ်လျှက် ထိုမောင်းနှင်လာသော ကားလေးအား လက်လှမ်းပြလိုက်သည်။
" ရှာလိုက်ရတာဗျာ ဦးလေးကလဲဖုန်းကိုတော်တော်နဲ့မကိုင်ဘူး"
" မင်းကရေချိုးနေတုန်းခေါ်တာကိုးကွ!
ကဲလာ အိမ်ထဲကြွ"ကားထဲကခရီးဆောင်အိတ်တွေရော သူသယ်လာသည့်အထုတ်ကြီးအထုတ်ငယ်တွေကိုပါ ဦးလေးနှင့်သူ နှစ်ယောက်သား
ယိုင်တိုင်တိုင်နှင့်အထဲရောက်အောင်မနည်းသွင်းလိုက်ရသည်။ဦးလေး၏အိမ်ကကျယ်၏ ၊ရှင်း၏၊ သန့်၏ ။သို့သော်မလှချေ..
ယောကျာ်းလေးတစ်ဦးထဲနေတာမို့
ပစ္စည်းပစ္စယသိပ်မထားလဲပါမည်။သူကျီးကန်းတောင်းမှောက်ကြည့်နေတာကို သတိထားမိဟန်တူသော ဦးလေးက
အသံအောအောကြီးဖြင့် ရယ်ကာ"ကြည့်မနေနဲ့ ငါ့တူ..
မင်းအိမ်လောက်တော့ မသားနားဘူး"" အဲ့တာကြောင့် အမေက ဒီတခါ ဆိုးလ်ကိုလာရင် ဦးလေးအိမ်ကိုအရင်၀င်ရွိုင်းပေးမယ်ဆိုပဲ"
" ကြောက်လှပါချည်ရဲ့ကွာ..
ကဲ မင်းလဲနားအုံး!"သူလဲတကယ်နားချင်နေပြီမို့ အပေါ်ထပ်ကိုတတ်ကာ အသင့်ပြင်ပေးထားသော ကုတင်လေးပေါ်သို့လှဲချလိုက်သည်။
မရှင်းရသေးသော ပစ္စည်းထုတ်တွေဖြင့် ပွထနေသော အခန်းတွင်းကို ကြည့်ရင်း စိတ်ရှုပ်လာတာကြောင့် ထထိုင်ကာ ခေါင်းရင်းကပြတင်းပေါက်လေးအားဖွင့်လိုက်၏။အေးမြမြလေညှင်းနှင့်အတူ တစ်ပုံစံထဲလိုဖြစ်နေသော အိမ်လုံးကလေးများကိုပါ မျက်စိပသာဒဖြစ်ဖွယ်တွေ့လိုက်ရသည်။
တစ်ဖက်ခြံထဲကိုလဲလှမ်းမြင်နေရတာမို့ ဒီအတိုင်းကြည့်လိုက်မိတော့ မြက်ခင်းစိမ်းပြင်တွေနှင့်ကြိုးတန်းပေါ်အားကစားဘောင်းဘီတွေ တန်းစီလှမ်းထားတာကိုတွေ့ရ၏။
YOU ARE READING
Spectrum
Fanfictionပျော်ရွှင်ခြင်းနဲ့ ၀မ်းနည်းခြင်းတွေ အချိုးကျကျ ရောစပ်ထားတဲ့ ဘ၀ မှာ ကျွန်တော်ဟာ သူ့ရဲ့ ပျော်ရွှင်ခြင်းရာခိုင်နှုန်းလေးအဖြစ်နေရာယူချင်ခဲ့တယ်။