For Unicode
ဆောင်းရနံ့တွေ ဝေနေတဲ့ လေထုက
ဆိုင်ကယ်အရှိန်ကြောင့် ခပ်ကြမ်းကြမ်းလာနှုတ်ဆက်နေသည်။မနက်အစောကြီး ကျူတို ရှိတယ် ဟု ဆိုကာ ဦးလေးကို မလှိမ့်တစ်ပတ်လုပ်ပြီး ခြံအကွယ်မှာ ဆိုင်ကယ် လေးရပ်ကာ စောင့်နေတဲ့ အစ်ကိုယွန်းဂီနောက်ကို အပြေးလိုက်လာခဲ့တာဖြစ်သည်။
အစ်ကိုယွန်းဂီက မနေ့က ကျောင်းပြန်လာကတည်းက တိုင်ပင်ထားသည့်အတိုင်း အစ်ကိုမင်ဟီး၏ ဆိုင်ကယ်ကို ပြန်မပေးပဲ ယူလာခဲ့သည်။
နှင်းငွေ့အပြယ်က ထွက်ပြူလာတဲ့ နေရောင်ကို ကြည့်ဖို့ ဒီမနက်တော့ သူတို့နှစ်ယောက်လုံး အတန်းလစ်ကြမည် ဖြစ်သည်။
လူသိများတဲ့ ဘုရားကျောင်းရှိတဲ့ တောင်တတ်လမ်းက အစောကြီးဖြစ်ပေမယ့် လူသွားလူလာတွေမစဲလှ...။
ဂျီမင်တို့က ဘုရားကျောင်းသွားမှာမှမဟုတ်ပဲ ကိစ္စမရှိ။
ဘုရားကျောင်းမရောက်မှီ ကွေ့ထွက်သွားတဲ့ လမ်းလေးအတိုင်း အစ်ကိုယွန်းဂီက ဆိုင်ကယ်ကို ဖြည်းဖြည်းလေးနှင်သည်။
မြက်ပင်ရိုင်းတွေက ဘေးတစ်ဖက်တစ်ချက်မှာ ပေါပေါသောသောပေါက်ရောက်လျှက်...
နှင်းရည်စိုစွတ်နေတာမို့ ခပ်ငိုက်ငိုက် ဖြစ်နေတဲ့ တောပန်းလေးတွေကလည်း သိပ်ကိုလှသည်။ဒီနေရာမှာတော့ လူသူမရှိတော့။
ငှက်သံ ကျလိကျလိလေးကပဲ သူတို့ကို ဆီးကြိုနှုတ်ဆက်ဖော်ရသည်။အစ်ကိုယွန်းဂီက ဆိုင်ကယ်ကို သစ်ပင်ကြီးတစ်ပင်အောက် ရပ်လိုက်ကာ
" ဂျီမင် ဆင်းတော့ "
ပြောပြောဆိုဆိုနဲ့ပင် အစ်ကိုယွန်းဂီကဂျီမင် ရဲ့ ဆိုင်ကယ်ဦးထုပ်ကို ချွတ်ပေးပြီး ဆိုင်ကယ်လက်ကိုင်မှာ ချိတ်လိုက်သည်။
ပွသွားတဲ့ ဂျီမင်ရဲ့ ဆံပင်တွေကို အလိုအလျောက် ဖိပေးဖို့ကိုလဲ မမေ့။
" အစ်ကိုပြောတော့...တောင်အောက်ကို မြင်ရတယ် ဆို "
" နည်းနည်းလေးဆက်လျှောက်ရင်ရပြီ။
လာပါကွာ...အားကြီးစကားများတယ်နော် မင်း "
YOU ARE READING
Spectrum
Fanfictionပျော်ရွှင်ခြင်းနဲ့ ၀မ်းနည်းခြင်းတွေ အချိုးကျကျ ရောစပ်ထားတဲ့ ဘ၀ မှာ ကျွန်တော်ဟာ သူ့ရဲ့ ပျော်ရွှင်ခြင်းရာခိုင်နှုန်းလေးအဖြစ်နေရာယူချင်ခဲ့တယ်။