For Unicode
ပူပြင်းခြောက်သွေ့နေရမည့် နေလည်ခင်းကို မနက်ခင်းအေစာပိုင်းက ဆောင်းအငွေ့အသက်တွေ လွှမ်းခြုံထားတာမို့ အေးမြမြနဲ့ နေလို့ကောင်းနေသည်။
ဒီရက်ပိုင်းတွေမှာ မပြီးပြတ်သေးတဲ့ စာတွေကြောင့် အချိန်ပိုတွေသင်နေရသလို ကျူရှင်တွေကလည်း ရက်ဆက်နေသည်။
အစ်ကိုယွန်းဂီတို့လို နောက်ဆုံးနှစ်တွေကပိုဆိုးသည်။
စာတန်းဖတ်ဖို့ ပြင်ဆင်ရန် စာကြည့်တိုက်နဲ့ ဌာနကို ချောင်းပေါက်အောင် သွားနေရတာများ၏။တစ်ခါတစ်ခါ ဂျီမင်တို့ အတန်းတွေဘက်လာကာ စာအုပ်ငှားကြသည်များလဲရှိသေးသည်။
အစ်ကိုယွန်းဂီကိုတော့ အမြဲ ခပ်လောလောပုံစံနဲ့ပဲတွေ့ရတော့သည်။
ဘေးမှာ အစ်ကိုမင်ဟီးကိုလည်း မှုန်ကုပ်ကုပ်နဲ့ တွဲရက်သား ပြန်မြင်လာရသည်။သူတို့နှစ်ယောက် အတန်းရှေ့ကဖြတ်သွားချိန်ဆို ဂျီမင့်မှာ ရင်တွေပူကာ သင်လက်စစာကိုတောင် စိတ်က မပါတော့သည်အထိ ဒုက္ခများရ၏။
ဒါပေမယ့် အစ်ကိုယွန်းဂီဟာ သူ့ကိုတော့ အကောင်းဆုံးဂရုစိုက်ရှာပါသည်။
မအားသည့်ကြားထဲကပင် ဂျီမင် ကျူရှင်သွားမည့်အချိန်ဆို မုန့်တစ်ခုခုမဟုတ်တစ်ခု လာပေးတတ်သည်။
လိုအပ်တဲ့ မှတ်စုတွေရှိရင် ဂျူနီယာတွေကနေတဆင့်ရှာပေးသည်။
သူတို့အတန်းရှေ့ကဖြတ်သွားချိန်ဆို သူရှိရာခုံကို လှမ်းကြည့်ပြီး ပြုံးပြဖို့ကိုလည်းမမေ့...
တကယ်ကို....ချစ်သူစုံတွဲတွေလိုပဲ။
ပတ်၀န်းကျင်ကို သိပ်ပြီးတော့ ကွယ်ဝှက်မနေ။သူတို့နှစ်ယောက်ရဲ့ တရှိန်ထိုး ရင်းနှီးနေမှုကြီးကို လူတိုင်းက အံ့ဩကြသော်လည်း ဘာမှတော့မမေးကြ။
မေးလာရင် ဂျီမင်ကတော့ အစ်ကိုယွန်းဂီသဘောအရပဲ ဖြေဖို့ တွေးသည်။
လူသိရှင်ကြားဖြစ်စေ...
လူမသိသူမသိဖြစ်စေ...ကာယကံရှင်သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တရွေးသားမျှ ထိခိုက်ပွန်းပဲ့သွားမည်မဟုတ်ချေ။
YOU ARE READING
Spectrum
Fanfictionပျော်ရွှင်ခြင်းနဲ့ ၀မ်းနည်းခြင်းတွေ အချိုးကျကျ ရောစပ်ထားတဲ့ ဘ၀ မှာ ကျွန်တော်ဟာ သူ့ရဲ့ ပျော်ရွှင်ခြင်းရာခိုင်နှုန်းလေးအဖြစ်နေရာယူချင်ခဲ့တယ်။