For Unicode
စာမေးပွဲခန်းထဲ ၀င်ဖို့ နာရီ၀က်အလို...
ကြည့်လက်စ စာအုပ်ကို ကျောပိုးအိတ်ထဲ ထည့်လိုက်ပြီး ကော်ရစ်တာမှာ ထောင်ထားလိုက်သည်။
စာက ရတာလားဆိုတော့လဲ မရ..
မရဘူးလား ဆိုတော့လဲ အဲ့လိုမဟုတ်..ဒီလိုအခြေမှာ ဘာစာမှမကြည့်တော့ပဲ ပျာယာခတ်နေတဲ့ လူတွေကိုပဲ လိုက်ကြည့်ချင်တော့သည်။
" ပတ်ခ်ဂျီမင်တို့ကတော့ စာအုပ်ကိုကိုင်စရာမလိုတော့ဘူးဟေ့ "
အတန်းထဲက လူနှစ်ယောက်လောက်က ဖြတ်သွားကာ ဂျီမင်ကို စပ်ဖြဲဖြဲနဲ့ လာစသည်။
" ကိုင်စရာ စာရောရှိရဲ့လား "
" မျက်လုံးမှိတ်ဖြေလိုက်မယ် "
သူ့စကားကြားတော့ အသင့်နေရာယူနေတဲ့ အပြင်စောင့် ဆရာမကြီးက ပြုံးသည်။
ဂျီမင်တို့ ရူပဗေဒက ပထမနှစ်နဲ့ ဒုတိယနှစ်တွေက သခ်ျာမေဂျာဆောင်မှာ သွားဖြေရတာကြောင့် မျက်နှာစိမ်းတဲ့သူတွေ တော်တော်များများကိုတွေ့ရသည်။
မေဂျာစုံရောပြီး ပို့ထားသည်ဟု မင် ကတော့ ပြောတာပဲ..။
မင်တို့ က ဂျီမင်စာေမးပွဲ ပြီးမှ တတိယနှစ်တွေနဲ့ အတူတူ ဖြေရမှာမို့ ကျောင်းမလာ။
မနက်အစောကြီးကတော့ အိမ်ကိုရောက် လာကာ လိုအပ်တဲ့ စာရေးကရိယာတွေ လာစစ်ပေးသေးသည်။
ဦးလေးပါရှိနေတာမို့ သူတို့အချင်းချင်း ကြည်နူးခွင့်ပိစိလေးတောင်မရလိုက်ပဲ မင် လဲ မြန်မြန်ပြန်သွားရ၏။မင်လဲ အရမ်းပင်ပန်းနေတဲ့ပုံပါ...
" ကလေးတွေ...၀င်မယ်ဆို၀င်လို့ရပြီ။
ဖုန်းတွေကို စက်ပိတ်ပြီး ရှေ့က ခြင်းထဲ သေချာထည့်ကြပါ...အိမ်သာ သွားချင်သူတွေ မြန်မြန်လေးသွားထားပါ "ဆရာမကြီးရဲ့ အသံကြောင့် ဂျီမင် သူ့ရဲ့ စာရေးကရိယာတွေကို ယူပြီး စာမေးပွဲခန်းထဲ ၀င်ဖို့ပြင်ရတော့သည်။
စာမေးပွဲခန်းထဲကို ဘောပင်ထည့်တဲ့အိတ် ဘာညာ မယူရတာကြောင့် ခါတိုင်းနှစ်ကဆို အရမ်းဒုက္ခများသည်။
YOU ARE READING
Spectrum
Fanfictionပျော်ရွှင်ခြင်းနဲ့ ၀မ်းနည်းခြင်းတွေ အချိုးကျကျ ရောစပ်ထားတဲ့ ဘ၀ မှာ ကျွန်တော်ဟာ သူ့ရဲ့ ပျော်ရွှင်ခြင်းရာခိုင်နှုန်းလေးအဖြစ်နေရာယူချင်ခဲ့တယ်။