For Unicode
" ဂျီမင်ကို ကျွန်တော်ချစ်တယ် "
ဂျီမင်သူ၏လက်ထဲက သောက်လက်စ ရေဗူးတောင်လွတ်ကျမတတ်ဖြစ်သွားသည်။
ဒရာမာတွေထဲကလိုတော့ ရေတွေတစ်ဖက်လူမျက်နှာကို စင်ထွက်မသွား...သူ့ဘ၀မှာ ရည်းစားစကားအမျိုးမျိုးပြောခံခဲ့ရဖူးသော်လည်း အကုန် မိန်းကလေးများထံကသာဖြစ်သည်။
အခုသူကိုယ်တိုင်လည်း ယောကျာ်းလေးတစ်ယောက်အပေါ် နက်နက်ရှိုင်းရှိုင်းချစ်ကျွမ်း၀င်မိနေချိန်တွင်မှ ယောကျာ်းတစ်ယောက်၏ ရင်ဖွင့်ခြင်းကို ခံလိုက်ရတာဆိုတော့ စိတ်ထဲ ထူးဆန်းအံ့ဩနေသည်။
" ဟို...ကျွန်တော် "
" အခုအဖြေမပေးသေးလည်းရပါတယ်။
ကျွန်တော်က သိစေချင်ရုံလေးပါ...
ဂျီမင်ကျွန်တော့်ကို စိတ်မဆိုးဘူးမှလား"မျက်မှန်ကိုင်းလေးကိုပင့်ရင်း သူ့ရှေ့ကကောင်လေးက ရှက်ဝဲဝဲလေးဆိုသည်။
" ဟုတ် စိတ်မဆိုးပါဘူး...
ဟို ဒါပေမယ့်လေ ကျွန်တော့်မှာ ကြိုက်နေတဲ့သူရှိတယ် "အပြစ်မကင်းသလို ခံစားချက်က ရင်ထဲအလုံးအရင်း၀င်ရောက်လာသည်။
ဒီလိုသူ့ကိုဖွင့်ပြောဖို့ ဘယ်လိုအတင်းကြိုးစားအားပေးလာရတယ်ဆိုတာလဲ သူစာနာနေမိ၏။အတော်ကြာတိတ်ဆိတ်နေသော ထိုကောင်လေးက
" ဒါဆို သူငယ်ချင်းဖြစ်ခွင့်ရှိမလား "
" သေချာတာပေါ့..နာမည်က "
" မင်ဝူထက် လို့ခေါ်ပါတယ်။
သခ်ျာ က ""ဟုတ်ကဲ့ ဝူထက်..
ကျွန်တော် တောင်းပန်ပါတယ်နော် "" ဂျီမင်ရာ....မင်းကသိပ်ကို ကြင်နာလွန်းတာပဲ။ ကျွန်တော်က တောင်းပန်ရမှာပါ "
" မဟုတ်တာ...ကျွန်တော်လည်း တစ်ေယာက်ယောက်ကို တဖတ်သတ် ချစ်ရတဲ့ ခံစားမှုကို ကောင်းကောင်းသိလို့...အဲ့တာကြောင့် "
ဝူထက်က ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း ဂျီမင်ပြောတာကို နားထောင်နေကာ အကြည့်ချင်းဆုံသွားတော့ ရယ်ပြလာ၏။
ဂျီမင်လဲ နေရခက်စွာ ပြန်ပြုံးပြနေစဉ်
YOU ARE READING
Spectrum
Fanfictionပျော်ရွှင်ခြင်းနဲ့ ၀မ်းနည်းခြင်းတွေ အချိုးကျကျ ရောစပ်ထားတဲ့ ဘ၀ မှာ ကျွန်တော်ဟာ သူ့ရဲ့ ပျော်ရွှင်ခြင်းရာခိုင်နှုန်းလေးအဖြစ်နေရာယူချင်ခဲ့တယ်။