23

3K 425 50
                                    

For Unicode

" အစ်ကို မင်ဟီးက အစ်ကိုယွန်းဂီကို ချစ်နေတာလား "

ဆေးရုံ၀န်းရဲ့ အပေါ်ဆုံးထပ်မှာ သူတို့နှစ်ယောက်ရောက်နေတာဖြစ်သည်။

အစ်ကိုမင်ဟီးက ဆေးလိပ်သောက်ဖို့ အပေါ်တတ်လာပေမယ့် ဂျီမင်ကတော့ သံပတ်ပေးထားတဲ့ အရုပ်တစ်ရုပ်လိုကို လိုက်လာခဲ့မိတာ။

" ချစ်တယ် "

အစ်ကိုမင်ဟီး ဆီက အဖြေကြောင့် ဂျီမင်ရဲ့ လက်သီးတွေ ဆုပ်လိုက်မိတယ်။

ချစ်တော့ရော ဘာလုပ်နိုင်မှာလဲ?
မင်ဟာ အမြဲ ဂျီမင်ရဲ့ အပိုင်!

" ချစ်တာပေါ့...သူငယ်ချင်းတစ်ယောက်လို ၊ ညီအစ်ကိုတစ်ယောက်လို၊ တစ်ခါတစ်လေ ကျရင် ဘာမဆို တိုင်ပင်နိုင်တဲ့ အဖေတစ်ယောက်လိုပဲ "

" ဗျာ "

" ဟုတ်တယ်...ယွန်းဂီအပေါ်မှာ သမီးရည်းစားချစ်ခြင်းမေတ္တာမျိုး ငါမရှိဘူး။

ငါ့ဘ၀ရဲ့ အမှောင်ဆုံးအချိန်မှာ ယွန်းဂီက ပထမဆုံးလက်ကမ်းပေးတဲ့အပြင် ‌ဖယောင်းတိုင်ကိုပါ ပေးခဲ့တဲ့ ကောင်မျိုးပဲ။

ငါ့မိသားစုစီးပွားရေးအဆင်မပြေတဲ့အချိန် ငါကပထမနှစ်...ငါနဲ့ယွန်းဂီ ခင်တောင်မခင်သေးဘူး။ ဒီကောင် ဘာလုပ်လဲသိလား? အချိန်ပိုင်းအလုပ်တွေရှာလာပေးတယ် လုံး၀ လစာကောင်းကောင်းနဲ့ ငါအံ့အားသင့်ရတဲ့ အလုပ်တွေလေ။

နောက်မှသိတာက အဲ့ထဲမှာ ယွန်းဂီရဲ့ ပိုက်ဆံတွေ တစ်ဖက်လှည့်နဲ့ ပေးထားတယ်ဆိုတာပဲ..ငါသိသိချင်းဒီကောင့်ကိုဘာလုပ်ခဲ့သလဲသိလား? အသေဆွဲထိုးတာ..သူကလဲ ပြန်ထိုးတယ်။

အဲ့နေ့မှာပဲ ငါတို့သူငယ်ချင်းဖြစ်သွားတယ်။အလဲအလှယ်အနေနဲ့ ဒီကောင်က ငါ့ကို ဘတ်စကတ်ဘောအသင်းထဲကို လာခိုင်းတယ်...သူငယ်ချင်းတွေ၊စီနီယာတွေ ငါအများကြီးရတယ် ။ ငါ့ဘ၀က ယွန်းဂီကြောင့် ပျော်ရွှင်လာရတယ် "

အစ်ကိုမင်ဟီးက လက်ထဲက ဆေးလိပ်ကိုယမ်းရင်းရယ်သည်။
ဆေးလိပ်သောက်မယ်ပြောပြီး တတ်လာပေမယ့် အစ်ကိုမင်ဟီးဟာ ဆေးလိပ်ကိုမီးပင်မတို့သေး။

SpectrumWhere stories live. Discover now