For Unicode
စာမေးပွဲပြီးလို့ ကျောင်းပိတ်ရက်တွေရလာပေမဲ့ ဂျီမင်တစ်ယောက်မနားရ။
ဦးလေးက တောက်တိုမယ်ရမှန်သမျှ အငြိုးတကြီးနဲ့ ခိုင်းသလို အစ်ကိုဘုံဟွန်းရဲ့ 'ထရိန်နင် 'ဆိုတဲ့ မက်ဆေ့ တွေကိုလဲ ကြောက်ရသေးသည်။
ကျောင်းမှာဆို ထရိန်နင်ပျက်ရက်မရှိတတ်တဲ့ အစ်ကိုယွန်းဂီက ပိတ်ရက်တွေမှာတော့ လာခဲလှသည်။
အိမ်ချင်းကပ်ရက်တောင် အစ်ကိုယွန်းဂီကို ဖမ်းလို့မမိနိုင်။
ဒါကြောင့် ခြုံငုံပြောရရင် ဂျီမင်မပျော်ပါ။
.
.
.
.ဒီနေ့တော့ အစ်ကိုယွန်းဂီအိမ်မှာရှိပုံရသည်။အိမ်ပြင်ထွက်လိုက် ၀င်လိုက်နဲ့ သန့်ရှင်းရေးလုပ်နေပုံရ၏။
ဂျီမင် ခြံစည်းရိုးပေါ် ခေါင်းလေးတင်ကာ
" အစ်ကိုယွန်းဂီ "
" ဟာ လန့်လိုက်တာ "
စိမ်းပြာရောင်ကော်ပုံးလေးထဲက လျှော်ထားပုံရတဲ့ အိပ်ယာခင်းတစ်ခုကို ထုတ်လှမ်းနေတဲ့ အစ်ကိုယွန်းဂီက လန့်သွားပုံရသည်။ ဂျီမင် တဟီးဟီးရယ်မိသွားကာ
" မတွေ့တာကြာတော့ပျော်သွားတာ "
" ငါကဘယ်သွားနေလို့တုန်း "
ပြောရင်းဆိုရင်းပင် အိပ်ယာခင်းကိုတဖြန်းဖြန်းခါနေတာမို့ ရေစက်ရေမွှားလေးတွေက ငွေမှုန်လေးတွေလို လွင့်မြောလာသည်။
" ဟို ထရိန်နင်လဲမလာလို့။
အိမ်မှာလဲ မတွေ့တာများလို့လေ "" အော် "
ဒါပဲ..ပြီးပြီ။
ဘာမှကိုစကားစဆက်ထွက်မလာတော့။
ပုံးထဲကနေ အလေးချိန်နင့်ပုံရသည့် စောင်တစ်ထည်ကို ရေညှစ်ဖို့သာ မဲတင်းနေသည်။" စောင်က အလေးကြီးကို
ကျွန်တော် လာကူပေးမယ်လေနော် "တော်ပြီ ဆိုတဲ့ အငြင်းစကားက နောက်မှာ ကျန်နေခဲ့ကာ ဂျီမင်ကတော့ အစ်ကိုယွန်းဂီတို့အိမ်ရှေ့ပင် ရောက်နေချေပြီ။
" တော်ပြီလို့ ငါပြောနေတာကို "
" အယ်..ဘာပင်ပန်းတာမှတ်လို့ "
YOU ARE READING
Spectrum
Fanfictionပျော်ရွှင်ခြင်းနဲ့ ၀မ်းနည်းခြင်းတွေ အချိုးကျကျ ရောစပ်ထားတဲ့ ဘ၀ မှာ ကျွန်တော်ဟာ သူ့ရဲ့ ပျော်ရွှင်ခြင်းရာခိုင်နှုန်းလေးအဖြစ်နေရာယူချင်ခဲ့တယ်။