For Unicode
စာမေးပွဲတွင်းကာလတွေက စိတ်ရောလူပါ ပင်ပန်းခက်ခဲရသည်။
ကိုယ်တိုင် စာတွေပိ၊ ကျူရှင် ပြေးနဲ့ စိတ်ဖိစီးနေချိန် အစ်ကိုယွန်းဂီကလည်း မေဂျာလှေကားနားမှာ အုပ်စုလိုက်ထိုင်ပြီး စာရွက်ကိုယ်စီနဲ့ အလုပ်ရှုပ်နေ၏။
စာမေးပွဲရက်မရောက်ခင် တစ်ပါတ်လောက်အလိုဆိုရင် ဂျီမင်တို့ရဲ့အတန်းတွေကိုနားပေးပြီး ကိုယ်ပိုင်စာကြည့်ချိန်ပေးတတ်သည်။
အစ်ကိုယွန်းဂီတို့ဆိုလည်း အတန်းရယ်လို့မရှိတော့ပဲ စာကြည့်တိုက်နဲ့၊ ဌာနက ဆရာမတွေရဲ့ ရုံးခန်းကိုပဲ ၀င်လိုက်ထွက်လိုက် လုပ်နေကြရတာတွေ တွေ့သည်။
ဒီနေ့ သောကြာနေ့။
ဂျီမင်တို့ရဲ့ နောက်ဆုံးကျောင်းတတ်ရက်ဆိုလည်းမမှား...သူတို့ တစ်ပါတ်တိတိနားပြီး ပြန်အဖွင့်မှာ စာမေးပွဲတွေဖြေရတော့မည်။
ဂျီမင်အတွက် ကျူရှင်အတန်းတွေပါပြီးသွားပေမယ့်လည်း အိမ်မပြန်သေးပဲ
မေဂျာဌာနရှေ့က စိန်ပန်းပင်ကြီးအောက်မှာပဲ ထိုင်ရင်း အစ်ကိုယွန်းဂီကို စောင့်နေလိုက်၏။သူဒီနေ့ကားမယူခဲ့သလို အစ်ကိုယွန်းဂီကလည်း ဘယ်လောက်အလုပ်ရှုပ်ရှုပ် သူ့ကိုတော့ အသွားအပြန် ဆိုင်ကယ်နဲ့ပဲ လိုက်စေသည်။
တစ်ခါတစ်ခါ အစ်ကိုမင်ဟီး လိုမှသာ
ဂျီမင်ရဲ့ ကားကို ယူစေတာဖြစ်၏။သူကတော့ စေညွှန်ရာအတိုင်းပဲ နေသားတကျ၊ ပြီးတော့ သဘောတကျရယ်ပါ...။
" ဂျီမင်...စောင့်ရတာကြာပြီလား "
ဖုန်းကို ဘေးကကျောပိုးအိတ်ထဲ ထည့်ဖို့ပြင်နေတဲ့ အစ်ကိုယွန်းဂီရဲ့ လက်တွေက စာအုပ်တွေတနင့်တပိုးနဲ့ ရှုပ်နေသည်။
ဒီတော့ ဂျီမင်ကပဲ ဖုန်းကိုဆွဲယူပြီး ဘေးအိတ်လေးထဲ ကျကျနနထည့်ပေးလိုက်၏။
နူးညံ့သွားတဲ့ မျက်၀န်းညိုတွေနဲ့ အစ်ကိုယွန်းဂီက သက်ပြင်းလေးချရင်း ဂျီမင်ရဲ့ ဘေးကို၀င်ထိုင်သည်။
စိန်ပန်းပွင့်နီနီတွေကလည်း အစ်ကိုယွန်းဂီဘေးမှာ ၀င်ထိုင်မှ တဖြုတ်ဖြုတ်ကြွေကျလာသလိုပင်။
YOU ARE READING
Spectrum
Fanfictionပျော်ရွှင်ခြင်းနဲ့ ၀မ်းနည်းခြင်းတွေ အချိုးကျကျ ရောစပ်ထားတဲ့ ဘ၀ မှာ ကျွန်တော်ဟာ သူ့ရဲ့ ပျော်ရွှင်ခြင်းရာခိုင်နှုန်းလေးအဖြစ်နေရာယူချင်ခဲ့တယ်။