For Unicode" အား ကျွတ်စ် ကျွတ် "
ဖူးယောင်နေတဲ့ ခြေကျင်း၀တ်ကို လက်နဲ့ ခပ်ဖွဖွလေးသာထိရသေးသည် မခံမရပ်နိုင်အောင် နာကျင်မှုတွေက အထင်းသား။
ယွန်းဂီ ကျောင်းဆေးခန်းက ကုတင်ပေါ် ပစ်လှဲရင်း ထိုခြေကျင်း၀တ်လေးအား လက်ညိုးလေးနဲ့ တောက်လိုက်သည်။
" နာတယ်ဗျာ...အစ်ကိုကလည်း "
ဂျီမင်က သူ့ကုတင်ဘေးမှာ ခုံနဲ့ထိုင်ကာ ခြေထောက်ကိုတော့ ကုတင်ပေါ်လှမ်းတင်ထားတာဖြစ်၏။
တစ်ဖက်မှာလည်း ဘောလုံးအသင်းက ဒဏ်ရာရတဲ့သူတွေ ရှိနေ၍ ကုတင်တွေကမအား။ ဒီတော့ ခြေထောက်သာထိခိုက်မိတဲ့ ဂျီမင်က သမားရိုးကျစွာပင် စီနီယာဖြစ်သူနဲ့ တူတူနေဖို့ ဖြစ်လာသည်။" ဘာလို့ လူချလာတာလဲ? ရှက်ဖို့ကောင်းတယ် "
" ဟမ့်!! သူတို့လုပ်တာကျ ရှက်ဖို့မကောင်းဘူးလားဗျ။ အစ်ကို ဘုံဟွန်းက တော်တယ် လို့ ပြောတယ် "
" အဲ့ကောင်စကားနားမထောင်နဲ့လို့ နှစ်စကတည်းက သတိပေးနေတာကိုကွာ "
ဆူနေတယ်ထင်ရပေမယ့် အစ်ကိုယွန်းဂီ ရဲ့ နှုတ်ဖျားကနေ ရယ်သံလေးတွေပါလာသည်။
လတ်တလောကြားခဲ့ရတဲ့ နိုင်ပွဲသတင်းကြောင့်ဖြစ်မည်ထင်သည်။
ဟုတ်သည်...
ဂျီမင်တို့ အသင်းက တစ်ဖက်အသင်းကို သုံးမှတ်အကွာနဲ့ အနိုင်ရခဲ့သည်။သူကတော့ ၀င်၀င်ချင်း ဘလိုင်းကြီး လူသွားချ၍ စောစောထွက်ခဲ့ရသည်ပဲ ထားပါတော့။
ဒါပေမယ့် သူ့ထက်မနည်းနာကျင်သွားမည့် ဟို သကောင့်သားနှစ်ယောက်၏ မျက်နှာကို ပြန်တွေးလိုက်တိုင်း...
အဟင်းဟင်းဟင်း....။
အစ်ကိုယွန်းဂီ က ခေါင်းလေးထောင်ကြည့်ရင်း ခနမျှငြိမ်သက်ကာ သူ့ဘက်သို့ ကိုယ်ကို စောင်းငဲ့လာသည်။
" ရလား...ထိုင်ချင်လို့လားဟင် "
ကိုယ်တိုင်က ထော့နဲ့နဲ့ဖြစ်နေပေမယ့် တစ်ပါးသူကို စိတ်ပူနေမိတဲ့ သူ့အဖြစ်ဟာ ရယ်စရာတော့ကောင်းသည်။
YOU ARE READING
Spectrum
Fanfictionပျော်ရွှင်ခြင်းနဲ့ ၀မ်းနည်းခြင်းတွေ အချိုးကျကျ ရောစပ်ထားတဲ့ ဘ၀ မှာ ကျွန်တော်ဟာ သူ့ရဲ့ ပျော်ရွှင်ခြင်းရာခိုင်နှုန်းလေးအဖြစ်နေရာယူချင်ခဲ့တယ်။