For Unicode
မနက်ခြောက်နာရီကတည်းက ဂျီမင်တို့အိမ်ရဲ့ မီးဖိုဆောင်မှာ တအုန်းအုန်းတဒုန်းဒုန်း သံစုံတီးဝိုင်းထောင်နေရသည်။
" ပဲပင်ပေါက်ထည့်ပြီးမှ ရေထည့်ရတာလား? ရေထည့်ပြီးမှ ပဲပင်ပေါက်ထည့်ရမှာလား "
ရှုပ်ပါတယ် ဘက်လိုက်မှုမရှိ ပြိုင်တူပဲ ထည့်လိုက်တော့မယ်!
မြင်ရတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေအကုန်ပစ်ထည့်။ ရေတပွက်ပွက်ဆူလာရင်း ပဲပင်ပေါက်တွေနူးအိလာပြီ ထင်တော့ အသင့်ပြင်ထားတဲ့ ကြွေပန်းကန်ဇောက်လေးထဲထည့်ကာ အပေါ်ကနေ ပန်းကန်ပြားလေးနဲ့ အုပ်လိုက်သည်။
မြည်းတောင်မမြည်းလိုက်ရဘူး။
ရပါတယ် ကောင်းလောက်မှာပါ...လို့တော့ မျှော်လင့်ရတာပါပဲ။
ကျန်တာကတော့ ဟိုအစ်ကိုကြီးရဲ့ကံနဲ့ဆိုင်သွားပြီ။အမူးပြေဟင်းရည်ပန်းကန်ကို လက်နှစ်ဖက်နဲ့ တယုတယမကာ
ဟိုနေ့က ပတ္တာချောင်နေလို့ ဦးလေး ပြင်ထားရတဲ့ တံခါးအား ခြေထောက်နဲ့ ဆောင့်ကန်ဖွင့်လိုက်သည်။ဘေးချင်းကပ်ခြံ၀န်းလေးဖြစ်ပေမဲ့ ဟင်းရည်ကအပူက လက်လာဟပ်နေတော့ ခြေလှမ်းတွေကို အရှိန်မြင့်လိုက်ရသည်။
စီနီယာ့ခြံတံခါးပုစိလေးက မနေ့ညကတည်းက သူစေ့ရုံပဲစေ့ခဲ့တာဆိုတော့ ဒူးလေးနဲ့အသာအယာတွန်းရင်း ၀င်ခဲ့လိုက်သည်။
အိမ်တံခါးကလဲ အသာအယာ တွန်းရုံသာ။
မနေ့ညကများ သူခိုးကပ်ခဲ့ရင် စီနီယာ့ အိမ်ဘာမှတောင်ကျန်မည်မဟုတ်။အိမ်တည်ဆောက်ပုံလေးတွေကတူတာမို့ မီးဖိုဆောင်ရှိရာကို တန်းမတ်စွာလာရင်း ပန်းကန်ကို စားပွဲခုံဝိုင်းလေးပေါ် ဂျီမင်တင်လိုက်သည်။
စီနီယာယွန်းဂီရဲ့ မီးဖိုခန်းက တကယ်ကို တကယ့်ကို သန့်ရှင်းသပ်ရပ်နေတာပဲ။
သန့်ရှင်းတာမှ ဘာမှကိုမရှိ...
ဘာမှကိုချက်မစားထားသလိုပဲ...ဒီအစ်ကိုကြီးဘယ်လိုတွေနေနေသလဲ
လေရှူပြီးစားသောက်နေတာလား?ပလပ်ပေါက်နားလေးမှာရှိတဲ့ကော်ခုံအဝိုင်းလေးပေါ် တင်ထားတဲ့ ထမင်းပေါင်းအိုးကိုတွေ့မှ ဂျီမင်သက်မချရတယ်။
YOU ARE READING
Spectrum
Fanfictionပျော်ရွှင်ခြင်းနဲ့ ၀မ်းနည်းခြင်းတွေ အချိုးကျကျ ရောစပ်ထားတဲ့ ဘ၀ မှာ ကျွန်တော်ဟာ သူ့ရဲ့ ပျော်ရွှင်ခြင်းရာခိုင်နှုန်းလေးအဖြစ်နေရာယူချင်ခဲ့တယ်။