For Unicode
Second semesterမှာတော့ ဂျီမင်တို့ရဲ့ အချိန်စာရင်းတွေ အနည်းငယ်ပြောင်းသွားသည်။
အရင်က အားအားယားယားနေခဲ့ရတဲ့ Practicalတစ်ချို့ကို လုပ်လာရတာတို့၊ Tutorialနေ့စဉ်ရက်ဆက် လာတာတို့ ဘာတို့ပေါ့လေ။
ဒါကြောင့် ထရိန်နင်သွားတဲ့အခါ ဂျီမင်တို့မှာ အင်အားလုံး၀မကျန်တော့သလို ငိုင်တိငိုင်ကန်းလေးတွေ အမြဲတမ်းဖြစ်နေရ၏။
ဒီနေ့လည်း Tutorialနှစ်ချိန်ဆက်မိလာပြီး အားကစားခန်းမကို တန်းလာရတာကြောင့် ဂျီမင်၏စိတ်တွေမကြည်မလင်။
ဦးထုပ်ကိုနောက်ပြန်ဆောင်းကာ နှဖူးပေါ်ကျနေတဲ့ ဆံပင်တွေရဲ့ မျက်လုံးကို ထိုးခြင်းရန်ကနေ သက်သာအောင်ကာကွယ်လိုက်ရတာမို့ နေရောင်က နှဖူးပြင်ပေါ် အတားအဆီးမရှိ တိုက်ရိုက်ကျနေ၏။
အားကစားခန်းမဆီသွားရာလမ်းက အရိပ်ကင်းမဲ့သည့်အပြင် ကျောက်စရစ်ခဲတွေကလည်း မညီမညာ..။
အားကစားဖိနပ်နဲ့ ၀တ်စုံထည့်ထားတဲ့ အိတ်ကြီးကို တစ်စောင်းလွယ်ရင်း ချွန်ထွက်နေတဲ့ ကျောက်ခဲတွေကိုပဲ ဘောလုံးလိုလှိမ့်ကန်ရင်း ဂျီမင်တစ်ယောက်လျှောက်လာခဲ့ရသည်။
" ဘတ်စကတ်ဘောကနေ ဘောလုံးအသင်းထဲ ပြောင်းချင်ရင် မှီသေးတယ်နော် "
ခပ်လှမ်းလှမ်းက တစ်ပင်တည်းသော အပင်ကြီးအောက်မှာ ထိုင်နေတဲ့ အစ်ကိုယွန်းဂီ။
နံဘေးမှာ စိမ်းနုရောင်ထီးလေးကဖွင့်လျှက်သား ချထား၏။
အားကစား၀တ်စုံမဟုတ်ပဲ ကျောပိုးအိတ်ကို ရှေ့ချထားကာ မြက်ခင်းမပါတဲ့ မြေဗလာပေါ် ဖျာခင်းထားတဲ့အတိုင်း ထိုင်ချနေတာ။
" အားကစားခန်းမရဲ့သော့က ဘုံဟွန်းဆီမှာ။ သူမရောက်သေးဘူး ဒီကိုလာထိုင် "
သူ့ဘေးကမြေပြင်ပေါ် လက်နဲ့ပုတ်ပြကာ ခေါ်တော့ ဂျီမင် နှာခေါင်းလေးမသိမသာရှုံ့ကာ အနားတိုးကပ်သွားလိုက်သည်။
ဦးထုပ်လေးပြောင်းပြန်ဆောင်းထားပြီး နှုတ်ခမ်းဖူးလွလွ ကောင်လေးတစ်ယောက်ပုံက ချစ်ဖို့ကောင်းနေတာကို ကာယကံရှင်ကိုယ်တိုင်ကသိပုံမပေါ်...
YOU ARE READING
Spectrum
Fanfictionပျော်ရွှင်ခြင်းနဲ့ ၀မ်းနည်းခြင်းတွေ အချိုးကျကျ ရောစပ်ထားတဲ့ ဘ၀ မှာ ကျွန်တော်ဟာ သူ့ရဲ့ ပျော်ရွှင်ခြင်းရာခိုင်နှုန်းလေးအဖြစ်နေရာယူချင်ခဲ့တယ်။