For Unicode
စာမေးပွဲရောက်ဖို့ သုံးရက်အလို။
တွက်စာတွေရော ကျက်စာတွေပါ အတင်းကုန်းရုန်းကျက်ထားရ၍ ခေါင်းကို ဘယ်ညာတောင် မခါရဲသည့်အချိန်။
ဂျီမင်တို့ကသာ စာအုပ်တွေတစ်လှေကြီးနဲ့ တောင်ပြေးလိုက် မြောက်ပြေးလိုက် ဖြစ်နေသော်လည်း နောက်ဆုံးနှစ်က စီနီယာအုပ်စုကတော့ အေးအေးဆေးဆေးပင်။
မသိရင် ပထမနှစ်တွေကို စာမေးပွဲရှိတယ်ဆိုပြီး တစ်မေဂျာလုံး ဝိုင်းညာထားကြသလားတောင်မှတ်ရ၏။
အခုလဲ ဂျီမင်တို့ကျူရှင်ကနေ မောမောနဲ့ ပြန်လာချိန် အစ်ကိုယွန်းဂီ တို့ အုပ်စုက မေဂျာဆောင်အ၀င်က ခုံတွေပေါ်မှာ မုန့်ပဲသရေစာ အပြည့်အစုံနဲ့ ဇိမ်ယစ်နေသည်။
အကုန်လုံးက အရင်နှစ်က ဖြစ်ဟန်တူသော မေဂျာအကျီ အဖြူရောင်ကို ဆင်တူ၀တ်ထားကြ၏။
အစ်ကိုယွန်းဂီက ဘေးစွန်က ခုံလေးပေါ် ထိုင်သည်ဆိုရုံမျှထိုင်ကာ ခြေတစ်ဖက်ကို ရှေ့က စီနီယာတစ်ယောက်ထံ တင်ထား၏။
အဖြူထဲကအမည်းလို..
ကြည့်လိုက်တာနဲ့ ထင်းနေတဲ့ အရောင်မရှိပါပဲ အများသူငါတစ်သားတည်း အဖြူတွေကြားမှာတောင် အစ်ကိုယွန်းဂီက ထင်းထွက်နေသည်။" မနက်ပိုင်းလဲ ကျူရှင်ခေါ်တာပဲလား"
အစ်ကို ဘုံဟွန်းက နေကြာစေ့ထုတ်ကိုယမ်းပြရင်း ဂျီမင်တို့ကို လှမ်းနှုတ်ဆက်သည်။
" ဟုတ် 02တွေ မပြတ်သေးလို့တဲ့ "
" အောင်မှတ်ရ အေးဆေးပေါ့။ "
အစ်ကိုဘုံဟွန်းစကားအဆုံး နှစ်ယောက်ကျော်မှာထိုင်နေတဲ့ အစ်ကိုယွန်းဂီက ရေတစ်၀က်ကျန်နေသေးသည့် ဗူးနှင့် လှမ်းပေါက်လိုက်သည်။
" ဂျီမင် သူပြောတာနားမထောင်နဲ့ "
" ဟုတ် ကျွန်တော်ဂရုမစိုက်ပါဘူး "
" အေးနော် အငယ်လေးမှတ်ထား "
အစ်ကိုဘုံဟွန်းက စိတ်ကောက်သည့်ဟန်လုပ်ပြတော့ သူဟန်ပြသာ ရယ်လိုက်သည်။
ချက်ချင်း ခေါင်းငုံ့ကာ ဖုန်းပြန်သုံးနေတဲ့ အစ်ကိုယွန်းဂီ ကတော့ သူ့ကြောင့် လူတစ်ယောက် ရင်တွေကွဲမတတ်ခုန်နေတာကို သိနိုင်မည်မဟုတ်။
.
.
.
.
YOU ARE READING
Spectrum
Fanfictionပျော်ရွှင်ခြင်းနဲ့ ၀မ်းနည်းခြင်းတွေ အချိုးကျကျ ရောစပ်ထားတဲ့ ဘ၀ မှာ ကျွန်တော်ဟာ သူ့ရဲ့ ပျော်ရွှင်ခြင်းရာခိုင်နှုန်းလေးအဖြစ်နေရာယူချင်ခဲ့တယ်။