For Unicode
သစ်ရွက်ခြောက်တွေ တဖွဲဖွဲကြွေတဲ့ နွေဟာ ပျင်းရိချင်စရာကောင်းလှပေမယ့် အလုပ်တွေပိနေတဲ့ ဂျီမင်မှာ ပျင်းဖို့ကိုအချိန်မရနိုင်။
လကုန်စာရင်းတွေကို လုပ်ရသည့်အပြင် ဆိုင်ခွဲတစ်ချို့အတွက် မြေနေရာကလည်း သွားကြည့်ရအုံးမည်။
အားလပ်ရက်ရနေတဲ့ မင်ကတော့ အလျင်းသင့်သလို လာပေမယ့် နောက်ပိုင်း ဆိုင်ကိုလာမလည်တော့ပဲ အိမ်မှာသာ စောင့်နေတတ်၏။
သူ၏ ဦးလေးလူပျိုကြီးပင်လျှင် နောက်လဆို အလုပ်ကြောင့် ဘူဆန်ကို ပြန်ပြောင်းရတော့မည်။
သူတို့ နှစ်ဦးရဲ့ ဆက်ဆံရေးဟာ အများကြားမှာ လိုက်လျောညီထွေစွာပဲ သာမာန်စုံတွဲ တွေလို စီးဆင်းနေခဲ့သည်။
အရေးပေးတာလည်း မလိုချင်သလို
ကဲ့ရဲ့ ရင်လည်း ဂရုမစိုက်တတ်တဲ့ ကျွန်တော်နဲ့ မင်ရဲ့ စိတ်တွေက မိတ္တူကူးထားသလိုပဲ တူညီနေကြတာ အံ့ဩစရာ။" ကိုယ် ရောက်ပြီ "
ခပ်ဖြူဖြူ အရိပ်တစ်ခုရဲ့ ထွက်ပေါ်လာမှုမှာ အလျှံညီးညီးနေမင်းဟာ မာန်စွယ်ချပေးရတယ်။
အေးမြသွားတဲ့ လေပြေလေးတိုက်လိုက်သလို မင့်ရနံ့သင်းသင်းက ဂျီမင်ရဲ့ နွေရာသီပန်းခင်းကြီးပဲ။
" ခနစောင့်နော်!ဒီနေ့ ညစာက အပြင်မှာစားမယ် ပြောထားတယ် မှလား "
" အင်း "
ဆိုင်ရှေ့မှာ ချထားတဲ့ မဂ္ဂဇင်းစာရွက်တွေကို မဖတ်ပဲ လှန်ဆော့နေသည့် မင့် ကို ဂျီမင် ပြုံးကြည့်ရင်း လုပ်လက်စတွေကို သိမ်းလိုက်သည်။
ဆိုင်က ၀န်ထမ်းတစ်ချို့က မင် လာရင်
အခုထိကို ဟိုချောင်း၊ဒီချောင်းနဲ့ ကြည့်ကြတုန်း....။ဂျီမင့်ကိုလည်း ကံကောင်းလိုက်တာ ဟု တဖွဖွ ပြောတတ်သည်။
သူကံကောင်းတာသိပေမယ့်
မင်ကတော့ သူတို့တွေ အစမခံရအောင် ခပ်တည်တည်သာ နေတတ်တယ်။" သွားစို့ "
လက်မောင်း ကို ခိုတွဲလိုက်တော့ တည်ငြိမ်တဲ့ မင့်မျက်နှာမှာ အပြုံးရိပ်တွေ ထင်ဟပ်လာသည်။
![](https://img.wattpad.com/cover/260113437-288-k598553.jpg)
YOU ARE READING
Spectrum
Fanficပျော်ရွှင်ခြင်းနဲ့ ၀မ်းနည်းခြင်းတွေ အချိုးကျကျ ရောစပ်ထားတဲ့ ဘ၀ မှာ ကျွန်တော်ဟာ သူ့ရဲ့ ပျော်ရွှင်ခြင်းရာခိုင်နှုန်းလေးအဖြစ်နေရာယူချင်ခဲ့တယ်။