7

3.1K 421 20
                                    


For Unicode

ဒီနေ့အတွက် မနက်ခင်းအတန်းချိန်မရှိတာမို့ ဂျီမင်တစ်ယောက် အိပ်ရေး၀၀ အိပ်ပြီး လန်းလန်းဆန်းဆန်းနိုးထလာရသည်။

နာရီကို ကြည့်လိုက်တော့ 10နာရီခွဲ။
ကိစ္စမရှိ Tutorialက12နာရီမှ စမည်ဖြစ်သည်။

ရေမိုးချိုး ပြင်ဆင်ပြီးသည်နှင့် ဦးလေးပြင်ပေးခဲ့သည့် မနက်စာကိုပဲ နေ့လည်စာသဘောထားကာ တစ်ခါတည်း စားသောက်ပစ်လိုက်ပြီး ကျောပိုးအိတ်ကို ဆွဲ၍ ကားရှိရာထွက်လာခဲ့လိုက်၏။

အချိန်ကား 11ခွဲချေပြီ။
ကွက်တိပဲ!

သေချာစီစဉ်အကွက်ကျနေခဲ့သော ဂျီမင်၏ ပျော်ရွှင်မှုလေးမှာ ပြားနေသော ကားဘီးကြောင့် ရပ်ဆိုင်းသွားရသည်။

" ဘယ်တုန်းက ဘယ်လိုပေါက်သွားတာလဲ? ဂွပဲ "

မနေ့ညက ဦးလေးတစ်ယောက် သူ့သူငယ်ချင်းဆီ သွားတဲ့ လမ်းကြောတစ်ကြောတော့ရှိသည်။

သေချာပေါက် ဦးလေးလက်ချက်ပဲဖြစ်မှာပဲ။ ဂျီမင်စိတ်တိုတိုနဲ့ ဖုန်းဆက်လိုက်တော့ ၀င်ပေ‌မဲ့မကိုင်။
နောက်တစ်ခေါက်ဆက်တော့ စက်ပါပိတ်သွားသည်။

တူရီးအချင်းချင်းမို့ သူ့တူဒေါသကိုတော့ သူသိပုံပေါ်၏။

12နာရီကား ထိုးတော့မည်။
ဒီအချိန်မှ မှတ်တိုင်ပြေးပြီး ကားစောင့်လို့လဲ မှီမည်မထင်။ မှီတာမမှီတာ အပထား
သွားရမှာကတော့ သွားရမှာပါပဲလေ။

"မတတ်နိုင်ဘူးကွာ။ ရရာနဲ့သွားရုံပဲ"

ဂျီမင်စိတ်တိုတိုနဲ့ ခြံတံခါးကို ဆောင့်တွန်းဖွင့်ကာ ထွက်လာလိုက်သည်။

လူသူကင်း‌ရှင်းတဲ့ သူတို့အိမ်လမ်းက စက်ဘီးစုစီးနေကြတဲ့ ကလေးအုပ်စုကလွဲ၍ တခြားဘာမှရှိမနေတာမို့ စိတ်ဓာတ်ပင်ကျသွားရ၏။

တီ!

အနားနားရောက်မှ ကပ်ဟွန်းတီးတဲ့ ဆိုင်ကယ်သံကြောင့် ဂျီမင် ထခုန်မတတ်လန့်သွားကာ ပါးစပ်ကလဲ ဆဲဖို့ အသင့်ပြင်ပြီးသားဖြစ်နေ၏။

သို့သော် မြင်လိုက်ရသည်က နို့နှစ်ရောင် တီရှပ်ပွပွကြီးနဲ့ စီနီယာ ယွန်းဂီ။
ဆိုင်ကယ်ဦးထုပ်ကမှန်ကို လှန်တင်ကာ
လှစ်ခနဲ အကြည့်
အဲ့အကြည့်မှာ အကုန်မေ့သွားဖို့ လုံလောက်တယ်။

SpectrumWhere stories live. Discover now