".....ပြီးတော့ ဒါက Nam လုပ်ငန်းစု နဲ့ ပူးပေါင်းနိုင်မဲ့ အခွင့်အရေးတစ်ခုဖြစ်လိမ့်မယ်"
Jennie သက်ပြင်းချပြီး ခေါင်းငြိမ့်ပြလိုက်သည်။သူမရဲ့ PA ယူလာပေးတဲ့ လက်မှတ်ထိုးဖို့ ကျန်သေးတဲ့ စာရွက်စာတမ်းတွေကို
အစည်းအဝေးပြီးတာနဲ့ ယူကာ အစည်းအဝေးခန်းမှ ရုံးခန်းဆီသို့ ကျန်ရှိနေသေးသောအလုပ်များ လုပ်ရန် သက်ပြင်းတချ ချ နှင့်ထွက်လာခဲ့သည်။သူမှ၏ အလုပ်ထိုင်ခုံပေါ်သို့ ထိုင်ချပစ်လိုက်ပြီး မျက်စိပိတ် ခေါင်းကိုနောက်သို့လှဲချကာ လူပ်ငန်းတိုးချဲ့ဖို့ အကြောင်းတွေးနေလိုက်သည်။
ရုတ်တရက် ရုံးခန်းတံခါး ဒိုင်းခနဲမည်ကာ ပွင့်လာသောအသံကြောင့် သူမလန့်ဖျက်သွားသည်။
" Jennie Ruby Jane Kim, နင်တစ်သက်လုံး ရုံးခန်းမှာပဲ နေနေတော့မှာလား? huh " သူမ အမ သူ့စားပွဲဆီလာရင်းမေးလေသည်။
" တံခါးခေါက်ပါ ဆိုတာနင်မကြားဘူး ဘူးလား? နင်အခန်းထဲမဝင်ခင် တံခါးအရင်ခေါက်ပြီးရင် ဝင်လာခဲ့ပါ လို့ခွင့်ပြုချက် အရင်ယူရမှာ။ မကြားဖူးဘူးလား Bae?"
" Sorry Kim. ဒါပေမယ့် မင်းအခန်းပဲဖြစ်ဖြစ်၊ ရုံးခန်းပဲဖြစ်ဖြစ် နင့်ဟာဆိုရင် ငါနဲ့လည်းဆိုင်တာပဲလေ"
Irene သူ့ညီမရှေ့မှာ အေးဆေးဝင်ထိုင်ရင်းပြောသည်။" နင်ဒီကို ဘာလာ လုပ်တာလဲ? " Jennie ဘုရင်မကြီးစတိုင်လ် ဖမ်းနေတဲ့သူ့အမကို မေးလိုက်သည်။
" နင့်ကို တောင်းဆိုစရာရှိလို့။ နင်ရောသိပြီးသားမလား။ " Ireneမျက်ခုံးလှုပ်ပြရင်းပြောလိုက်သည်။
Jennie မှာ Irene ဘာကြောင်းပြောနေသည်ကို သေသေချာချာ သိသော်လည်း သတိမရသလို ဟန်ဆောင်ကာ...
" OMG Bae, နင်က အဲ့လိုဆိုတာ ငါတကယ်မသိခဲ့ဘူး" Jennie သူမကို စနှောက်ဖို့ အံ့ဩဟန်ဆောင်ကာ ပြောလေသည်။
"Ahh! နင်ရူးနေပြီလား? ငါသာဆို နင့်ကို ဘယ်တော့မှ တွဲမှာ မဟုတ်ဘူး"
" ဘာလို့လဲ? ငါက ဒီလောက်hot နေတာကို"
" ဒီလို စိတ်ပျက်စရာအကျင့်တွေ၊ အလုပ်တွေကို သရဲလို ဇွတ်လုပ်နေတာက hot ဖြစ်မနေဘူး။ မျက်နှာလေး လှနေရုံနဲ့မဖြစ်ဘူး။ ကိုယ်ပိုင်အချိန်လေးလဲ ထားအုံး"
YOU ARE READING
Falling For A Star ( Myanmar Translations)
Fanfic📍Jitop 📍Genbender 📍BxG converted story - Jensoo I do not own anything. All right reserve to original owners. @unknownconverter translateလုပ်ထားတဲ့ fic ကို မြန်မာလို ပြန်ရေးရုံ သက်သက်သာဖြစ်ပါသည်။ မူရင်းပိုင်ရှင်အားလုံးကို credit ပေးပါတယ်။