20. JenSoo Unite

1.2K 72 7
                                    


အမကိုဆန်းဝှစ်လုပ်ပေးဖို့ဆိုပြီးElla တစ်ယောက်အိမ်အကူတွေနဲ့အတူမီးဖိုချေင်ထဲဝင်လာတယ်။

အခုတလောသူ့အမကအစားအရမ်းရွေးတာကြောင့်တစ်ခုခုလုပ်ကျွေဖို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

" အွန်နီး~ "

ထိုင်ခုံပေါ်မှာစာအုပ်ထိုင်ဖက်နေတဲ့သူ့အမဆီပြေးသွားလိုက်တော့အကူတွေကလည်းဗန်းကိုင်ပြီးနောက်ကနေလိုက်သွားကြတယ်။

" ဟမ်.. "

" Ella ကအန်တီလင်းနဲ့တူတူဆန်းဝှစ်လုပ်လာပေးတယ်။"

လုပ်ထားတဲ့မုန့်ကိုပြလိုက်ကာ

" Ella က အွန်နီးအချာသိပ်မစားတာတွေလို့လုပ်လာပေးတာ။အစာမချားရင်အွန်နီးရဲ့ဗိုက်ထဲကကလေးလေးတွက်မကောင်းပူးယေ။"

Ella ကိုဒီလိုနားလည်ပေးလိမ့်မယ်လို့ထင်မထားပေမယ့်အခုသူ့အတွက်တွေးပေးနေတဲ့ညီမကိုတွေ့မိတော့မငိုမိအောင်အောက်နှုတ်ခမ်းကိုက်ပြီးထိန်းထားရတယ်။

ကိုယ်ဝန်ရှိကြောင်းစစသိချင်းကဆိုစိုးရိမ်နေတာ။ဘာလို့လဲဆိုတော့ Ellaက နည်းနည်းအူတိုတတ်တဲ့ကလေးလေးဆိုတော့။

အခုလိုသူမကလေးလေးအတွက်ပါဂရုစိုက်ပေးတတ်တာမြင်တာပျော်လည်းပျော်မိသလို၊ဂုဏ်လည်းဂုဏ်ယူမိတယ်။

" ဒီနားကိုလာခဲ့Ella လေး"

အနားကိုကပ်လာတဲ့Ella ကိုဖက်လိုက်ကာ

" အခုအွန်နီးကို ဘယ်လောက် ပျော်အောင်လုပ်လိုက်လဲဆိုတာ သိလား.. အွန်နီးရဲ့ကလေးလေးက အရမ်းဂုဏ်ယူစရာကောင်းတာပဲ။ Ellaလေးက အရမ်းတော်တဲ့အန်တီ ဖြစ်လာတော့မှာသိလား"

" အွန်နီးရဲ့ ကယေးယေးမွေးလာရင် အွန်နီးက Ellaကို ချစ်တော့မှာ မဟုတ်ဘူး။ ဒါကြောင့် ခုကတည်းက အွန်နီးကို ဂရုချိုက်ထားပေးရမှာပေါ့ "

" အဲ့လိုမဟုတ်ပါဘူး။ အွန်နီးက ဒီကကလေးလေးကို တသက်လုံးချစ်သွားမှာပါနေယ်"

Ella ကိုနမ်းလိုက်သည်။

Irene ကအခန်းထဲဝင်လာကာ Jenတို့ညီအမဘေးတွင် ဝင်ထိုင်လိုက်သည်။

Falling For A Star ( Myanmar Translations)Where stories live. Discover now