16 . Clingy Iren Sneaky Jensoo [M]

1.7K 63 3
                                    



နှစ်ခြိုက်စွာအိပ်စက်ခြင်းမှ Jennie နိုးလာသည်။
ထထိုင်ဖို့ပြင်လိုက်တော့ သူမခါးကို ဖက်တွယ်ထားသောလက်တစ်စုံကို သတိထားမိလိုက်သည်။
အဲ့တော့မှ သူမကောင်လေး၏ တိုက်ခန်းတွင်ရောက်နေမှန်း သတိရသည်။
မနေ့က ရုံးဆင်းတာနဲ့ တန်းလာခဲ့ခြင်းဖြစ်သည်။ Ireneကိုတောင် Kimအိမ်တော်မှာရောက်နေသော Ellaကို သူမကြိုခဲ့မည့်အကြောင်း အကြောင်းကြားခဲ့သေးတယ်။

Jisooဖက်ထားတာကို ဖြေဖို့လုပ်တော့ သူက ပိုမိုတင်းကျပ်စွာဖက်လာသည်။

" မထနဲ့အုံးလေ.. ဘေဘီ့ကို လွမ်းနေတာပါဆို "

" Chu..ဘေဘီ အိမ်ပြန်ရအုံးမယ်လေ။ ခဏနေ Irene ရှာနေလိမ့်မယ် "

" အဲ့အတွက် မစိုးရိမ်နဲ့.. ကိုယ် မနေ့က Seulgiနဲ့စကားပြောတော့ Seulgiက Ireneကို သူ့အိမ်ခေါ်သွားမှတဲ့။ ဘေဘီ ဒီမှာ နေလို့ရသေးတယ် "

Jen, Jisooကို ကြည့်လိုက်သည်။

Jisooက သူမတို့အတူရှိရဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားရှာသည်။

" ဒါဆိုလဲ ပြီးရောလေ... ဘေဘီ့ကို အဲ့လောင်တောင် လွမ်းနေတာလား? "

" ဒါပေါ့။ Irene ပြန်ရောက်ကတည်းက ဘေဘီက သူစိမ်းလို လုပ်နေတာကို "

" အဲ့လိုဖြစ်သွားတာလား? တောင်းပန်ပါတယ် ကိုကို... ဘေဘီ အလုပ်တွေရှုပ်နေလို့ပါ "

" ကိုယ် သိပါတယ်။"

Jen ကို နမ်းလိုက်သည်။

" ကိုယ် နားလည်တယ် "

" Irene နဲ့ Joy ကိုယ်ဝန်အကြောင်းသိတာ တစ်လတောင်ရှိပြီနော့်။ နောက်နှစ်အစောပိုင်းလောက်ဆို ဘေဘီတို့ ကလေးလေးနှစ်ယောက်ကို ကြိုဆိုရတော့မယ်။ Irene ကိုယ်ဝန်ရှိနေတယ်ဆိုတာ အခုထိ မယုံကြည်နိုင်သေးဘူး။ "

" အွင်.. မိန်းကလေးတွေ ကိုယ်ဝန်ရှိတာ ရယ်တော့ရယ်ရတယ်။ Seulgi နဲ့ Wendyကိုကြည့်ပါလား .. သူတို့မိန်းမတွေခေါ်တာနဲ့ ဗျာများနေကြတာ အရူးတွေလိုပဲ။ "

" ရား... သူများတွေကို မရယ်ပေးနဲ့။ ဘေဘီကတော့ ကြည်နူးစရာကောင်းတယ်လို့ပဲ မြင်တယ်။ "

" အဲ့လိုထင်တာပေါ့? "

" ဟုတ်တယ်လေ.. အဲ့တာက သူတို့ မိန်းမကို ဘယ်လောက်ချစ်ကြောင်းပြသ နေတာပဲလေ။ ဘေဘီလဲ သူတို့လိုပဲ ဘေဘီ့ကို ချစ်ပေးမယ့်ကောင်လေး ရှာတွေ့ချင်တယ်။ "

Falling For A Star ( Myanmar Translations)Where stories live. Discover now