53. Finding Them

598 58 4
                                    


ဂျီဆူး မှာ ယခုထိ ဂျန်းနီ ရုံးရှေ့တွင် ရပ်စောင့်နေတုန်းပင်။ အပေါက်မှာ စောင့်နေတဲ့ လုံခြုံရေးတွေကတော့ အခုထိ မ‌ရောက်လာသေးကြောင်း ပြောသည်။

နေ့လည် ထမင်းစားချိန်တောင် နားတော့မှာကို အခုထိ ရောက်မလာသေးတာကြောင့် လုံခြုံရေးအနား တဖန်ပြန်သွားက မေးကြည့်ရသည်။

"တစ်ဆိတ်လောက် ခင်ဗျ။ MRS. RUBY က ဒီနေ့ရော ရုံလာမှာသေချာလား မသိဘူး"

"ကျွန်တော်တို့လည်း အတိအကျတော့ မသိဘူး။ တောင်ပန်ပါတယ်"

"တကယ်လို့ သူရုံးကို လာခဲ့လို့ရှိရင် ကျွန်တော့ကို ဖုန်းဆက်ပေးပါနော်"

ထို့ကြောင့် ဂျီဆူးလည်း စာရွက်တစ်ခုပေါ် သူ့ဖုန်းနံပါတ်ကို ချရေးပေးကာ အကူအညီတောင်းခဲ့လိုက်သည်။

ဂျန်းနီ ဖုန်းကို သူ, ပြန်ခေါ်ကြည့်ပေမယ့် လုံးဝ မကိုင်ပေ။ နောက်ဆုံးတော့ သူ့ရုံးခန်းထဲက ကလေးအရုပ်တွေ သိမ်းစရာရှိတာ သိမ်းဖို့  သူ့ရုံးသူ ပြန်လိုက်တယ်။

.

.

.

ရုံခန်းထဲမ​ှ ထွက်လာတဲ့ ဆူးလ်ဂီမှာ တွေ့တဲ့လူတွေကို ပြုံးပြရင်း အခန်းထဲ ဝင်သွားတဲ့ဂျီးဆူး ကိုမြင်လိုက်တာမို့ အသာလိုက်ချောင်းသည်။အခန်းတံခါး ဖွင့်ချောင်းလိုက်တော့ ကလေးအရုပ်တွေ လိုက်ကောက်နေသည့် ဂျီဆူးကို တွေ့လိုက်ရသည်။

" ဘာလုပ်နေတာလဲ? မင်းကို ဘယ်သူက ဒီကိုလာခိုင်းလို့လဲ?"

ဂျီဆူး, သူ့သူငယ်ချင်း ရှိရာသို့ လှည့်ကြည့်လိုက်သည်။ သူသိပါတယ်။ ဒီကိစ္စမှာ အကုန်လုံးက သူ့ကိုဒေါသထွက်နေကြမှန်း။

" ငါ့ရုံးခန်းကို လာဖို့ ငါက ဘယ်သူ့ကို ခွင့်တောင်းနေရအုံးမှာလဲ?။ကလေးပစ္စည်း သိမ်းစရာရှိလို့ လာသိမ်းရုံပဲ"

"ကင်ဂျီဆူး!! ခုရက်ပိုင်းအတွင်း မင်း ရုံးကို လာလို့မရဘူး"

"ဘ-ဘာလို့လဲ??"

" နင့်မိသားစုကိစ္စ ပြန်အဆင်မပြေ မချင်း ရုံးဖက်ခြေဦးတောင်လှည့်ဖို့ မစဉ်းစားနဲ့။ မင်းမိန်းမနဲ့ ကလေးတွေကို မြန်မြန်တွေ့အောင်ရှာပြီး အဆင်ပြေအောင် လုပ်ယူပါ။ အခြေအနေအားလုံး ကောင်းသွားပြီဆိုမှ အလုပ်ပြန်တက်ပါ။ မင်းကို ယာယီ အလုပ်ဆိုင်းငံ့ထားတယ်"

Falling For A Star ( Myanmar Translations)Where stories live. Discover now