ဂျီဆူး က ဝတ်စားပြည့်နဲ့ အိပ်ယာမှာ ထိုင်ပြီး ကလေးတွေကို ကတိပေးထားတဲ့အတိုင်း ဗီဒီယိုခေါလ် ခေါ်ဖို့ပြင်သည်။ ဂျန်းနီ က သူ့ဘေးမှာ အိပ်ပျော်နေတုန်း။ လီဆာ ဆီကို ခေါ်လိုက်သည်။ ဖုန်းဝင်ပြီး သိပ်မကြာဖူး လီဆာမျက်နှာက စခရင်ပေါ်မှာ ပေါ်လာပြီ။
"ဂျီဆူး!!..နင့်မျက်နှာကြည့်ရတာ မအီမလည်နဲ့ ဘာဖြစ်ထားတာတုန်း။ဟဟား.....ဒါနဲ့ ဂျန်းနီ ရော"
"အိပ်နေတယ်"
"အာ....နင် ပင်ပန်းအောင် လုပ်ထားပေးထာပေါ့..ကျစ်..ကျစ်...မင်းက တကယ့်အထန်ကြီးပဲ"
"အေ့ပါကွာ..ဟဟား...ဒါနဲ့ ကလေးတွေ ဘယ်မှာလဲ"
"ကစားခန်းထဲမှာ...ဆူးလ်ဂီတောင် Arin လေးနဲ့ ခုလေးတင် ပြန်ရောက်လာကြတာ...လမ်းလျှောက်ထွက်ရာက ပြန် လာကြတာ"
"အိုး..အစောကြီးပဲရှိသေးတာကို ဆူးလ်ဂီ ရောက်နေပြီပေါ့.."
"ဆူးလ် က ဒီနေ့ အလုပ်မသွားဘူးတဲ့"
"အို့..ဘာလို့လဲ? အယ်လာလေးရော"
" ပြန်ပြောပြရမယ်ဆိုရင် တကယ် ရယ်ဖို့ကောင်းတယ်... အရမ်းကို ဟာသပဲ သိလား.. ဟဟား...နင် ပြန်ရောက်ရင် သိလိမ့်မယ်...။ ခုတော့ နင့်ကလေးတွေ လိုက်ပြပေးမယ်.. အယ်လာကတော့ ဆာနာရယ်၊ ဒါဟျွန်းရယ်နဲ့ အတူတူ တီဗီကြည့်နေတယ်..ပြီးတော့ နောက်တစ်ယောက် ပါသေးတယ်။ မင်းသိပါတယ်.."
လီဆာ က ကစားခန်းဖက်သို့ လျှောက်သွားသည်။
"အူကြူးကြူးလေးတွေ.... ဒယ်ဒီ ဂျီဆူး ဖုန်းဆက်တယ်ဟေ့"
သူ့နာမည်ကြားတာနဲ့ ကလေးတွေခေါင်း လှည့်လာကြတယ်။ ဒယ်ဟန်က လီဆာဖက် လေးဖက်ထောက်ရောက်လာပြီး သူ့ဦးလေးခြေထောက်ကို အမှီပြပြီး ထရပ်တယ်။
"အိုး...ဂေါ့...ချစ်စရာလေး ဂျီ...နင့်ရဲ့ သားကြီး မတ်တပ်ရပ်နေတယ် ကြည့်စမ်း"
လီဆာ က အော်ပြောပြီး ကင်မရာကို ကလေးရှိရာဖက် လှည့်ပေးတယ်။ သူ့သားကို မြင်တော့ ဂျီဆူးလည်း စိတ်လှုပ်ရှားသွားပြီး လက်လှမ်းပြနေတယ်။
"ဟိုင်း Dyanie!! ဒယ်ဒီက များကြီး လွမ်းနေတာကွာ"
ဒယ်ဟန်ကတော့ ကင်မရာကို ကြောင်ကြည့်နေသည်။ သူ့အဖေက ဒီလောက်လေးထောင့်သေးသေးလေးထဲမှာ ဘယ်လိုများ ဆံ့သလဲဆိုပြီး တွေးကောင်း တွေးနေမှာပေါ့။
YOU ARE READING
Falling For A Star ( Myanmar Translations)
Fanfic📍Jitop 📍Genbender 📍BxG converted story - Jensoo I do not own anything. All right reserve to original owners. @unknownconverter translateလုပ်ထားတဲ့ fic ကို မြန်မာလို ပြန်ရေးရုံ သက်သက်သာဖြစ်ပါသည်။ မူရင်းပိုင်ရှင်အားလုံးကို credit ပေးပါတယ်။