12. Lovers in Paris [M]

3.1K 59 1
                                    

night time,....

Joohyuk နဲ့အတူ ဒီနေ့ည ကိုးရီးယားကို ပြန်ကြမှာမို့ Jennieက သူမနဲ့ Ellaရဲ့ ပစ္စည်းတွေသိမ်းနေတယ်။

အစကတော့ ဒီမှာ တစ်ပတ်လောက်နေဖို့ စီစဉ်ထားပေမယ့် ဒီတစ်ရက်အတွင်းဖြစ်သွားခဲ့တဲ့  ကိစ္စအမျိုးမျိုးကြောင့် ပြောင်းလိုက်ရခြင်း
ဖြစ်တယ်။

Jisoo ဆီက ဒီလောက်အထိုးခံထားရတာတောင် Joohyukက ကျွန်မကို စိတ်ကွက်မသွားဘူး။ Joohyukအမှားကြီးပဲလည်းမဟုတ်ဘူး။ ကျွန်မကိုယ်တိုင် စခဲ့တဲ့ပြသနာဟုတ်တယ်။ အခုတော့ ကျွန်မကြောင့် Joohyukက အနာတရအပြည့်နဲ့။

Jisoo အပေါ်ကိုလည်း အရမ်းကြီး စိတ်မဆိုးပါဘူး။ ဘာလို့လဲဆိုတော့ Jisooက Ellaနဲ့ ကျွန်မကို အမြဲတမ်း ဂရုစိုက်စောင့်ရှောက်ပေးတတ်သူမို့။ ဒါပေမယ့် ဘာကိုဒေါသထွက်မိတာလဲဆိုတော့ ကျွန်မကိုယ်ကျွန်မ အပျော်ဆုံးလို့ ထင်တဲ့အချိန်ဆို တစ်ယောက်ယောက်က ဝင်လာပြီး ကျွန်မတို့နှစ်ယောက်ကြားကအပျော်တွေဖျက်စီးပစ်တာကြောင့်။ ပြီးတော့ ကျွန်မက အရင်က သူ့ရဲ့ onenight standတွေလိုမဟုတ်ပဲ တကယ့်အချစ်စစ်ဖြသ်ကြောင်း သက်သေပြဖို့ကြိုးစားတိုင်းလဲ Jisooဘက်က ဖာသိဖာသာ သုံးစားလို့ကို မရတာကြောင့်ဖြစ်တယ်။

ဒါပေမယ့် တစ်နေ့နေ့ တစ်ချိန်ချိန် Jisooက ကျွန်မအပေါ် ပင်ပန်းစိတ်ပျက်ပြီး အသုံးမလိုတော့ဘူးဆိုပြီး ထားသွားခဲ့မှာကို ကျွန်မ အရမ်း အရမ်းကြောက်မိတယ်။

ကျွန်မကတော့ ကျွန်မတတ်နိုင်သလောက် သူ့ကို ပေးဆပ်ထားတာဖြစ်ပြီး ကျွန်မတို့ရဲ့ relationship ကိုလည်း လွယ်လွယ်  လက်မလွတ်နိုင်ဘူး။

" Unnie~"
Joohyukနဲ့အတူ ကစားကွင်းက ပြန်လာတဲ့ Ellaက ကျွန်မကို အနောက်ကနေ ဖက်လာတယ်။

" ဘာလိုလို့လဲ ဘေဘီ။ မောသွားပြီလား"

Ellaကို ပေါင်ပေါ်တင်ပြီး မေးတော့ ကလေးက ခေါင်းခါပြတော့ ဆံပင်ကို ပွတ်သပ်ပေးကာ

" ဒါဆို ဘာလဲ...ပြောလေ"

" Ellaက Jishoo Oppa နဲ့ တခြား Oppasတွေ Unniesတွေကို လွမ်းရို့"

Jen သက်ပြင်းချလိုက်မိတယ်။ သူရော Jisooကို အရမ်းလွမ်းနေတာ။

ရည်းစားဖြစ်ကတည်းက Jisooက ပိုတုံး၊ ပိုအ လာသလိုပဲ။ ကျွန်မတို့နဲ့ ဝေးဝေးနေလို့ပြောတာကလည်း တကယ်ကြီး နေဖို့ပြောနေတာမှ မဟုတ်တာ။ ကျွန်မက သူ လာချော့ပြီး ကျွန်မတို့ relationshipကို မပျက်စီးအောင် သူဘယ်လိုကြိုးစားလဲမြင်ချင်တာကို အဲ့ငတုံးက တုတ်တုတ်ကို မလုပ်ဘူး။

Falling For A Star ( Myanmar Translations)Where stories live. Discover now