48. The Kim's Life

962 63 8
                                    


အယ်လာ က ကျောင်းမှ ပြန်ရောက်လာသည်နှင့် ကလေးခန်းထဲ သို့ တန်းဝင်သွားသည်။ ဂျီဆူး တို့မိသားစု ထွက်သွားသည့်နေ့ကတည်းက စကားသိပ်မပြောတော့။ ထိုအချင်းအရာကြောင့် အိမ်မှ လူကြီးမိဘများက စိုးရိမ်ပူပန်နေရသည်။ ထိုကဲ့သို့သော အဖြစ်အပျက်မျိုးကို ကျင့်သားမရသေးသောကြောင့် ဖြစ်သည်။

အယ်လာ က မည်သူနှင့်မျှ စကားမပြောပါဘဲ သူမ၏ မစ်ကီရုပ်ကလေးဖြင့်သာ ကစားနေသည်။ Arin က အနားသိုး တိုးကပ်လာပြီး မစ်ကီအား ယူရန်ကြိုးပမ်းသည်။

"Awin က အွန်နီးရဲ့ မစ်ကီယေးနဲ့ ကချားချင်လို့လား?"

Arin လေးက သူ့အမကို ပြုံးပြနေသည်။

"အွန်နီး က Awin ဘေးကို မီနီလေး ပေးမယ်နော်"

ပုခတ်ထဲမှ မီနီရုပ်လေးအား ထယူပေးလိုက်သည်။ အယ်လာ က Arin တစ်ယောက်တည်းကိုပဲ စကားပြောတာဖြစ်တယ်။ ဒယ်နီယယ်နဲ့တောင် အတူတူမဆော့တော့ပေ။ ဘာလို့လဲဆိုတော့ ဒယ်နီယယ်နဲ့ လုံးဝ မဆော့တော့ဘူးလို့ကြားရင် ဂျီဆူး အိုပါးက သူ့ကို အတူနေဖို့ ပြန်လာခေါ်မှာလို့ ယုံကြည်လို့ပင်ဖြစ်သည်။

"တာ့ဒါ.."

Arin လေးက အယ်လာလှမ်းပေးသော ပန်းရောင်ဝတ်စုံနဲ့ မီနီရုပ်လေးကို ချက်ချင်းဆွဲယူကာ နှာခေါင်းကို လျက်လိုက်သည်။

"Awin ...မီနီလေးကို လျက်နဲ့လေ။ အာဝါးပဲပေး...chuchu လေ"

Arin က သူ့အမဖက်လှည့်ပြီး သူ့အမ နှုတ်ခမ်းစူပြသည်။

"အွန်နီးကို အာဝါးပေးချင်ရို့လား"

ရုတ်တရက် Arin ကို သတိထားကြည့်မိသွားသည်။ Arin က ပန်းရောင် ဝတ်စုံနဲ့ ဖိနပ်စီးထားတာ။ အပြင်သွားတိုင်း ဒီလို ဝတ်နေကျ။

"ဘယ်သွားမျို့လဲ"

နှလုံးခုန်တွေ နှစ်ဆမြန်ဆန်သွားသည်။ ဒီလိုအခိုက်အတန့်နဲ့ ပတ်သက်ပြီး ခံစားချက်မကောင်းပေ။

ချက်ချင်း အဝတ်ဗီရိုကို သွားဖွင့်ကြည့်ပြီး ရှော့ရသွားသည်။ Arin ရဲ့ အဝတ်အစားတွေ တစ်ခုမှ မရှိတော့ပေ။

တဖြည်းဖြည်းမျက်ရည်တွေ ဝိုင်းလာသည်။ ဂျီဆူးတို့ ထွက်သွားတာ တစ်ပတ်ပဲရှိသေးတယ်။ အခု ဆူးလ်ဂီ ဆို့ အလှည့်။

Falling For A Star ( Myanmar Translations)Where stories live. Discover now