ဂျန်းနီနဲ့ ဂျီဆူးက အယ်လာကို ကျောင်းလိုက်ပို့ပေးကြတယ်။ ကျောင်းကနီးတော့ လမ်းလျှောက်ပဲ လာလိုက်ကြတယ်။ ပြီးတော့ လမ်းလျှောက်တာ ဂျန်းနီ အတွက်လည်း ကောင်းတယ်လေ။
အယ်လာက စိတ်မကြည်ဘူးဖြစ်နေတော့ လမ်းမလျှောက်ချင်ဘူး။ အဲ့တော့ ဂျီဆူးကပဲ ချီပေးရတယ်။ ကလေးကို ညာဖက်လက်မှာချီထားပြီး ဘယ်ဖက်လက်က ဂျန်းနီရဲ့လက်ကို တွဲထားတယ်။
" ခလေလေး အိုပါး နဲ့ အွန်နီးကို သီချင်းဆိုပြပါအုံး"
" နိုး!"
အယ်လာက တိုတိုတုတ်တုတ်ဖြေပြီး ဂျီဆူးလည်တိုင်ကြား မျက်နှာဝှက်လိုက်တယ်။
"နေမကောင်းဘူးလား ကလေးလေး"
စိုးရိမ်တကြီးမေးလိုက်တော့ အယ်လာက ခေါင်းခါပြတယ်။
"မောရို့"
" လမ်းတောင်မလျှောက်တာကို ဘာလို့မောနေရတာလဲ"
" အယ်လာ မောနေရို့"
ကျောင်းနားရောက်တော့ အယ်လာက ဆင်းချင်လို့နေမှာ ရုတ်တရက်ကြီး ရုန်းလာတယ်။
"ဘာဖြစ်လို့လဲ ကလေးလေးရဲ့"
" အယ်လာရဲ့ကောင်လေးက အိုပါးကို တွေ့ပြီး သဝန်တိုနေမှာချိုးရို့"
အယ်လာက သူတို့နှစ်ယောက်ကိုတောင်မကြည့်ပဲ ကျောင်းဝင်ပေါက်ဖက်ကို စိုက်ကြည့်ကာ ပြောနေတယ်။
ဂျီဆူးတို့နှစ်ယောက်က အယ်လာစကားကြောင့် လန့်သွားတယ်။
ဂျီဆူး ဒူးထောက်ထိုင်ချလိုက်ပြီး အယ်လာနဲ့မျက်နှာချင်းဆိုင်ကာ
" အယ်လာရဲ့ ဘယ်သူ?"
စိတ်တိုလွန်းလို မျက်နှာတောင်နီနေပြီဖြစ်တဲ့ ဂျီဆူး။
" အယ်လာရဲ့ ကောင်လေး။ အသက်က ချောက်နှစ်။ ပြီးတော့ အရမ်းလည်း ချော တယ်။"
အယ်လာက တက်တက်ကြွကြွပြောပြနေပေမယ့် သူ့အိုပါးကတော့ ဒေါသအချောင်းချောင်းထ နေပြီ။
< ခိခိ ဆူးလ်တို့တုန်းက အသေပြောထားတာ အခု သူ ဝဋ်လည်ပြီလေ >
YOU ARE READING
Falling For A Star ( Myanmar Translations)
Fanfiction📍Jitop 📍Genbender 📍BxG converted story - Jensoo I do not own anything. All right reserve to original owners. @unknownconverter translateလုပ်ထားတဲ့ fic ကို မြန်မာလို ပြန်ရေးရုံ သက်သက်သာဖြစ်ပါသည်။ မူရင်းပိုင်ရှင်အားလုံးကို credit ပေးပါတယ်။