40.The Aftermath

827 67 4
                                    



" Chu!! Jisoo!! ကျေးဇူးပြု၍ .. ထွက်မသွားပါနဲ့!! Kim Jisoo!!"

ဂျန်းနီ ရဲ့ အဆုတ်တွေ ပွင့်ထွက်သွားမတတ် အော်နေတဲ့ အသံစူးစူးကြောင့် ဂျီဆူး နိုးလာသည်။

" ဂျန်...Jendeukie.."

ဂျီဆူး၊ ဂျန်းနီ ရဲ့ကိုယ်ကို လှုပ်နိုးလိုက်တော့ " ဂျီဆူး!!!" ဆိုပြီး အကျယ်ကြီး အော်ကာ နိုးလာသည်။

"ဂျန်.... ဘာဖြစ်တာလဲ?"

ဂျီဆူး,. ဖက်လိုက်တော့ ဂျန် က သူ့ကို ပြန်တွန်းထုတ်ပြီ ရှိုက်ကြီးတငင် ငိုနေသည်။

" Jendeukie...baby..."

ဂျီဆူး, သူမအနား ပြန်တိုးသွားပြိး လက်ကို ကိုင်ထားပေးလိုက်သည်။ ဂျန်းနီ က သူ့ကို ငိုရင်း ကြည့်ကာ သူ့မျက်နှာကို အုပ်ကိုင်လာသည်။ ပြီးတော့ " Chu" လို့ခေါ်ပြီး သူ့ကို ဖက်လာပြန်သည်။

" ထွက်မသွား ပါနဲ့"

စိတ်ဒဏ်ရာ ရသွားတဲ့ ဂျန်းနီ ရဲ့အဖြစ်ကိုမြင်ပြီး ဂျီဆူး သက်ပြင်းချလိုက်မိသည်။ ဂျန်းနီ ၏ကိုယ်ကို တင်းကျပ်စွာဖက်ထားပေးရင်း တဖွဖွ တောင်းပန်မိတယ်။

" ကိုယ် တောင်းပန်ပါတယ် ဘေဘီ.,..တောင်းပန်ပါတယ်"

နှစ်ယောက်လုံး ဘေးချင်းကပ် ပြန်လည်လှဲလျောင်းလိုက်ရင်း ဂျီဆူ က ဂျန်းနီကို ဆံပင်အသာပွတ်သပ်ပေးရင်း ချော့သိပ်ပေးနေသည်။

" ကိုယ် ဘေဘီ့ကို ဘယ်တော့မှ ထပ်ပြီး ထားမသွားတော့ ပါဘူးနော်"

လက်မောင်းလေးအား အသာအယာပွတ်သပ်ပေးရင်း ပြောလိုက်သည်။

•••

ဂျန်းနီ, နိုးလာတာနဲ့ အော်တို ညာဖက်ကို ကြည့်လိုက်မိသည်။ ဘေးမှာ ဂျီဆူး ရှိမနေတာ မြင်တော့ လန့်သွားတယ်။ ချက်ချင်းထရပ်ပြီး ရေချိုးခန်းဖက်မှာ သွားရှာကြည့်လိုက်တယ်။ စိတ်ထဲမှာ ဂျီဆူး ကိုဆုံးရှုံးလိုက်ရပြီဆိုတဲ့အတွေးနဲ့ မျက်ရည်တွေ တဖန်ပြန်လည် စီးဆင်းလာရသည်။

" ဂျီဆူး"

အခန်းတံခါးကို ဖွင့်ပြီး ငိုသံနဲ့ အော်ခေါ်လိုက်သည်.

Falling For A Star ( Myanmar Translations)Where stories live. Discover now