32. Competition & Petty Fights

901 74 11
                                    


ဂျီဆူးနဲ့ ဂျန်းနီက  တစ်ယောက်ကို တစ်ယောက်ဖက်ပြီး  ဆိုဖာပေါ်ထိုင်နေကြတယ်။ ဂျန်းနီက  စာအုပ်ဖတ်နေတာဖြစ်ပြီး၊ ဂျီဆူးက တီဗီကြည့် နေတာ။

ဂျန်းနီက ဂျီဆူးရဲ့ရင်ခွင်ထဲမှာ။ ဂျီဆူးက ဂျန်းနီရဲ့ပခုံးနဲ့ လည်တိုင်ကို ခဏခဏငုံ့နမ်းနေတယ်။

" ဘေဘီ ဗိုက်ဆာနေပြီလား"

ချစ်စရာကောင်းအောင် ခေါင်းညိတ်ပြတဲ့ဂျန်းနီ။

သူ့ရင်ခွင်ထဲက ဂျန်းနီရဲ့ ကိုယ်လေးကို မတ်ပေးလိုက်ပြီး ထ ဖို့ပြင်တော့ ဂျန်းနီက ဟန့် တားလာတယ်။

" ဘာလဲ"

" အိမ်အကူတွေကို ပြင်ခိုင်းလိုက်ပါလား"

ဂျီဆူးကို ဆိုဖာပေါ် ပြန်ဆွဲချလိုက်တယ်။

" ကိုယ့်ကလေးလေးတွေအတွက် ကိုယ်ကိုတိုင်လုပ်ပေးချင်တာ"

ဂျန်းနီရဲ့ ပါးနှစ်ဖက်ကို အုပ်ကိုင်လိုက်ပြီး

" ချစ်စရာလေးကွာ"

ပြန်ထဖို့ပြင်လိုက်ပေမယ့် ဂျန်းနီက ပြန်ဆွဲချတယ်။ ကြည့် လိုက်တော့ ကလေးလေးလို နှုတ်ခမ်းကြီးစူပေးထားတယ်။

" chuchuပေး"

ဂျီဆူးလည်း နမ်းပေးလိုက်တယ်။

" ချစ်တယ်နော်"

ဂျီဆူးထွက်သွားတာနဲ့ နောက်ကလူအုပ်ဆီက " အီး.." ဆိုတဲ့အသံထွက်လာတယ်။ ဒါပေမယ့် ဂျန်, ဂရုမစိုက်ပါဘူး။


" အမလေး ဂျီဆူးရှေ့မှာ ကလေးလေးလို လုပ်နေလိုက်တာများ  ဂါး.."

အန်တီထယ်ဟီး  အဲ့လိုပြောတော့ သူ့အမျိုးသားဖြစ်တဲ့ အန်ကယ်ဂျီဟွန်းမှ ရယ်ပြီး

" မင်း  အိုင်းရင်းကို လွယ်ထားတုန်းကလဲ အဲ့လိုပဲလေ"

" ရား.. ဂျန်းနီက ကျွန်မထက်တောင် ပိုဆိုးနေတာ၊  အစာတောင် ဂျီဆူးစားတဲ့ဟာမှ စားတာ  sheesh!"

ကျန်တဲ့လူတွေ ပွဲကျသွားပါလေရော။

အခန်းထဲမှာ အိပ်နေတဲ့အယ်လာ နိုးလာပြီး လှေခါးပေါ်ကနေ ဖြည်းဖြည်းချင်းဆင်းလာတယ်။

Falling For A Star ( Myanmar Translations)Where stories live. Discover now