25 . JenSoo vs. Ella?

674 64 3
                                    



အေးစက်စက် မနက်ခင်းတစ်ခု,

ဂျီဆူးနဲ့ဂျန်းနီက အယ်လာကိုရှာရင်း ပျာယာခတ်နေကြတယ်။ မနေ့ညမိုးချုန်းသံကြားတော့မှ အယ်လာပျောက်နေမှန်းသိရတာ။

အယ်လာ, မိုးချုန်းသံကြောက်တာ သိတဲ့ဂျီဆူးက အခန်းထဲပြေးဝင်လာပေမယ့် အယ်လာက အခန်းထဲမှာရှိမနေခဲ့ဘူး။

အိမ်ကအကူတွေ အားလုံးနဲ့အတူ လိုက်ရှာကြပေမယ့် ရှာမတွေ့ဘူး။

ဆုန်းမိသားစုတွေလည်း ပြန်သွားကြပြီ။ အဖိုးနဲ့အဖွားကလည်း စီးပွားရေးကိစ္စနဲ့ San Francisco ကို သွားနေတာ မနက်ဖြန်မှပြန်ရောက်ကြမှာ ဖြစ်တယ်။

ဂျီဆူးတို့နှစ်ယောက်လည်း စိတ်ပူနေတာကြောင့် ကောင်းကောင်းမအိပ်ရဘူး။ဂျန်းနီဆိုတစ်ညလုံးငိုနေတာ။

စီစီတီဗီကို ပြန်ဖွင့်ကြည့်လိုက်တော့ ဂျီဆူး, ကိတ်ဆိုင်က ပြန်မလာခင်လေးမှာပဲ အယ်လာက အိမ်ကထွက်သွားတာကို တွေ့လိုက်ရတယ်။

ဂျီဆူး, မီးဖိုထဲဝင်လာတော့ အယ်လာအတွက်ဝယ်လာပေးတဲ့ ကိတ်ကိုတွေ့လိုက်ရတယ်။ လွန်ခဲ့တဲ့နှစ်ရက်ကတည်းက ဝမ်းနည်းသလိုဖြစ်နေတဲ့ အယ်လာကို သူ သတိထားမိပြီး တစ်ခုခု ဝယ်ပေးမယ်ဆိုပြီးတွေးထားတာ မနေ့ကဆို ကလေးက ကစားခန်းထဲမှာပဲ အောင်းနေတာကြောင့် အပြင်ထွက်ပြီး ကိတ်ဝယ်လာပေးတာ ခုတော့အယ်လာက ပျောက်နေပြီ။

သူတို့တွေ အိမ်နီးချင်းတွေကို လိုက်မေးကြပေမယ့် ဘယ်သူမှမသိကြဘူး။

" အဲ့တာ ဘေဘီ့အမှားဟုတ်တယ်... ကလေးကို သေချာဂရုစိုက်ပေးရမှာကို.. "

ဂျန်က ဂျီဆူးကိုဖက်ပြီး ငိုနေသည်။

ဂျန်, သူ့ကိုယ်သူ သိတယ်။သူ အော်တန်လေးကိုပဲ ဂရုစိုက်လွန်းနေခဲ့တာလေ။ညီမလေးက အထီးကျန်နေမှာကို မေ့လျော့နေခဲ့မိသည်။

" ရှူး... ကိုယ့်ကိုကိုယ် အပြစ်တင်မနေပါနဲ့တော့.. ကိုယ်တို့ အယ်လာကို ရှာတွေ့မှာပါ။"

အယ်လာက သူ့အတွက်အရေးကြီးတာမှာမို့ဂျီဆူးလည်း ငိုချင်နေတာပေါ့။

Falling For A Star ( Myanmar Translations)Where stories live. Discover now