30 . What Really Happened?

658 63 2
                                    



ဂျီဆူးတစ်ယောက် ခေါင်းမီးတောက်နေပြီ။ ဂျန်းနီရော အိုင်းရင်းကိုရော ဆက်သွယ်လို့မရဘူး ဖြစ်နေတယ်။ မနေ့ညလဲ ကောင်းကောင်းအိပ် မပျော်ဘူး။

အခုတော့ CEO နဲ့တွေ့ဖို့ အေဂျင်စီသွားတဲ့လမ်းပေါ်မှာ။

" ဂျီဆူး အရမ်းကြီးလည်း စိုးရိမ်မနေနဲ့နော် "

လီဆာက ဆက်တိုက်သတိပေးနေတယ်။

" ဂျန်းနီနဲ့ပက်သင်လာရင်တော့ဘာမှ မထိန်းထားနိုင်ဘူး Lice     ဂျန်နဲ့ ကလေးလေးတစ်ခုခုဖြစ်သွားရင် ငါသေမှာ သိလား "

ငိုလုမတတ်ဖြစ်နေတဲ့ဂျီဆူး။ ဂျန်းနီနဲ့တွေ့ပြီးနောက်ပိုင်း အများကြီး ငိုတတ်လာတယ်။

​အေဂျင်စီရှေ့ရောက်တာနဲ့ ကားပေါ်ကချက်ချင်းဆင်းပြီး ceoရုံးခန်းဖက်သွားလိုက်တယ်။

အတွင်ရေးမှူးက စီအီးအိုလည်းလာနေပြီဆိုပြီး ရုံးခန်းထဲထိုင်စောင့်ခိုင်းထားတယ်။

စောင့်နေရင်း ဂျန်းနီဖုန်းကိုခေါ်ကြည့်နေပေမယ့် ဆက်သွယ်လို့မရဘူးဖြစ်နေတယ်။

ခဏအကြာ ceo က စာအိတ်အညိုကြီးကိုင်ပြီး ဝင်လာတော့ ထနှုတ်ဆက်လိုက်တယ်။

" မနေ့ည ဘာဖြစ်သွားလဲဆိုတာ သိပြီးပြီမလား? "

ခေါင်းညိတ်ပြလိုက်တယ်။

" ဒီဟာယူနေရလို့ နည်းနည်းနောက်ကျသွားတာ "

လက်ထဲမှာကိုင်ထားတဲ့ စာအိတ်အညိုကိုမြှောက်ပြလာတယ်။

" ဘာကြီးလဲ အဲ့ဒါက "

" ခြိမ်းခြောက်စာတွေပို့တဲ့လူတွေရဲ့ အချက်အလက်တွေ စစ်ကြည့်ချင်လို့ ယူထားတာ။ Kim Inc. က Roséရဲ့ခွင့်ပြုချက်တောင်းပြီး စီစီတီဗီတွေအားလုံး ယူကြည့်ထားပြီးပြီ ပြီးတော့ ရူဘီရဲ့တိုက်ခန်းဘက်ကဟာတွေလဲ လူလွတ်ပြီး ယူခိုင်းလိုက်တာ။ အဲ့ဒီဟာတွေအားလုံးကို သေချာစစ်ကြည့်လိုက်တော့ ပို့တဲ့လူက တစ်ယောက်တည်းဖြစ်နေတာ တွေ့ရတယ်    အဲ့တော့ အဲ့လူရဲ့အချက်အလက်တွေအားလုံးစုဆောင်းပြီး ရဲစခန်းသွားတိုင်လိုက်တယ်    ဖမ်းတော့ဖမ်းမိပေမယ့်တရားစွဲလို့တော့မရဘူးတဲ့"

Falling For A Star ( Myanmar Translations)Where stories live. Discover now