LisaမှာJisooကိုကျွေးဖို့ Wendyဆိုင်မှအစားအသောက်များယူကာJennie၏တိုက်ခန်းသို့အပြေးအလွှားရောက်လာသည်။
အရင်နေ့တွေကတည်းကJisooမှာအဲ့တိုက်ခန်းအတွင်းအောင်းနေသည်။အလုပ်လဲမသွားမလို၊အစာလည်းမစား၊ဘယ်သူနဲ့မှလဲစကားမပြောပေ။
သူကJennieကိုပဲလိုချင်နေတာ။
ဘာဖြစ်လို့JennieကJisooကိုထားခဲ့သလဲဆိုတာကိုသူနားမလည်နိုင်ပေ။Roséကတော့အလုပ်ကိစ္စရှိလို့Joohyukနဲ့အတူသွားတာလို့ပြောပေမယ့်Jisooကိုပြောမပြသွားတာကြောင့်မသေချာဘူးဖြစ်နေတယ်။
တံခါးခေါက်လိုက်ပေမယ့်ဘယ်သူမှပြန်မထူးပေ။ဒီကိုအမြဲလိုလိုသူ့ကောင်မလေးနဲ့လာနေကြဖြစ်ပေမယ့်အခုတော့Roséကcompany မှာအလုပ်တွေရှုပ်နေတာကြောင့်လိုက်မလာပေ။
Roséကသူ့တိုက်ခန်းမှာနေတာနှစ်ပတ်တောင်ရှိပြီ။ဒါကြောင့်Jisooတစ်ယောက်တည်းဒီတိုက်ခန်းမှာအောင်းလို့ရနေတာပေါ့။
ဖုန်းထုတ်လိုက်ပြီးကောင်မလေးဖြစ်သူကိုခေါ်လိုက်သည်။
" Yes..Babe "
" Babe.. Jennie တိုက်ခန်းရဲ့လျှို့ဝှက်နံပါတ်ပြောပြအုံး.. ဒီမှာJisoo ကတံခါးမဖွင့်ပေးဘူး"
" Ella birthday "
သူရိုက်ထည့်ကြည့်လိုက်ပေမယ့်မရပေ။
" မရဘူး!! မှားနေတယ်တဲ့Rosé "
" ဘာ?? အဲ့တစ်ခုပဲသိတာ.. Jisoo Oppa ပြောင်းလိုက်တာနေမှာ"
" တိုက်ခန်းထဲကasshole ေကာင်ကရူးနေတယ်နေမှာ"
" babe .. အဲ့လိုတွေမပြောရဘူးလေ"
" ဆောရီး.. ကိုစိုးရိမ်လို့ပါ။"
" တခြားတစ်ခုခုစမ်းကြည့်လေbabe "
" အိုကေ.. ပြန်ဆက်လိုက်မယ်နော်.. I Love You. Bye "
" I love you too "
Rosé, Irene, Jennie သာမကJisoo ရဲ့မွေးနေ့စသဖြင့်နံပါတ်တွေအမျိုးမျိုးရိုက်ကြည့်ပေမယ့်မရပေ။
ဖျက်ခနဲကူညီပေးနိုင်လောက်မယ့်ညီမဖြစ်သူဉာဏ်ကြီးရှင်Sana ကိုသတိရမိသွားသည်။
ဖုန်းဝင်သွားပြီးခဏအကြာ
" Hello Oppa "
" Sana ဘယ်မှာလဲ"
YOU ARE READING
Falling For A Star ( Myanmar Translations)
Fanfic📍Jitop 📍Genbender 📍BxG converted story - Jensoo I do not own anything. All right reserve to original owners. @unknownconverter translateလုပ်ထားတဲ့ fic ကို မြန်မာလို ပြန်ရေးရုံ သက်သက်သာဖြစ်ပါသည်။ မူရင်းပိုင်ရှင်အားလုံးကို credit ပေးပါတယ်။