6. Angry Jendeuk

1.1K 70 0
                                    


Jennie နဲ့ Jisooက အခုထိ rest house ရဲ့ ဝရံတာမှာပဲရှိသေးတယ်။ သောက်နေတဲ့ ဘီယာကလဲ နှစ်ဘူးတောင် မကတော့ဘူး။

Jennieကတော့ သောက်နေကျမဟုတ်တော့ နည်းနည်းမူးလာပြီဖြစ်လို့ သူ့ကိုယ်သူ ထိန်းနေရတယ်။

" Jen~"

" အွန်.."

" ကိုယ်တစ်ခုလောက် မေးလို့ရမလား?"

" အခုတောင် မေးနေပြီကြီးကို😀။ ဘာမေးမလို့လဲ "

" မနေ့ညအကြောင်း"

" ငါ့စကားတွေတော့ ပြန်ရုတ်သိမ်းမှာ မဟုတ်ဘူးနော်။ နင်က တကယ့်ကို မိန်းမလိုက်စားတဲ့လူလို့ ငါထင်နေတုန်းပဲ။ ဒါကြောင့် ရှင့်အချိန်တွေ အကုန်မခံပါနဲ့"

Jennie သူ့ကို တစ်ချက်တောင်လှည့်မကြည့်ပေးပေ။

Jisooက အနားကိုလျှောက်လာလို့ Jennieကြောက်သွားတယ်။ ငါပြောလိုက်တဲ့စကားကြောင့် ငါ့ကို တစ်ခုခု လုပ်တော့မှာလား မသိဘူး။

Jisooက သူ့ခါးကို နောက်ကနေ လာဖက်ပြီး ဆံပင်တွေကို လာနမ်းတော့ Jennie အံ့ဩသွားတယ်။

" ဘ-ဘာလုပ်တာလဲ"

Jisoo ဖက်ထားတာလွတ်ပြီး Jennieကို သူ့ဖက်လှည့်ယူလိုက်တယ်။ ခုတော့ သူတို့နှစ်ယောက်မျက်နှာချင်းဆိုင် ဖြစ်သွားပြီ။

Jennie ဘယ်လိုလုပ်ရကိုင်ရမှန်း မသိ ကျောက်ရုပ်ကြီးလို ရပ်နေမိတယ်။ Jisooက သူမျက်နှာကို လာကိုင်ပြီး ညင်သာစွာပွတ်သပ်ပေးရင်း

" Jen~~ကိုယ့်ကို ဘယ်လိုပြုစားထားတာလဲကွာ"

Jisoo ဖြည်းဖြည်း ငုံ့လာပြီး Jennieရဲ့နှုတ်ခမ်းတွေဆီ ဦးတည်လိုက်သည်။

Jisooရဲ့ အနမ်းတွေကြောင့် မူးဝေလာပြီး မှင်သေနေမိတယ်။ သူ မတုံ့ပြန်တော့ Jisooနှုတ်ခမ်းတွေလှုပ်ရှားလာပြီး ပိုပြီးပြင်းထန်တဲ့အနမ်းတွေဖန်တီးနေတယ်။

Jennie သူ့အနမ်းတွေကို မတုံ့ပြန်ဘဲ မျက်လုံးပိတ်ပြီး ငြိမ်နေသည်။ Jisooက ခါးကိုဆွဲဖက်လိုက်ပြီး နက်ရှိုင်းစွာနမ်းလာသည်။

Jennieရဲ့အောက်နှုတ်ခမ်းတွေကို စုပ်လိုက်ပြီး ဝင်ခွင့်တောင်းနေတယ်။

Falling For A Star ( Myanmar Translations)Where stories live. Discover now