21 . Finally!!

1K 74 12
                                    



ထမင်းခွံ့ကျွေးနေတာကို ဧည့်ခန်းတွေ၊ထမင်းစားခန်းတွေပတ်ပြေးနေတဲ့Ella ကြောင့်Jennie မှာထမင်းစားခန်းမှ

" ကလေးလေး.. ထမင်းစားတဲ့အချိန်မပြေးရဘူးလေ"

ပြေးနေတဲ့ကလေးမှာရပ်ပြီးသူမဖက်ကြည့်လာကာ

" Ella ကအိုပါးတွေ၊အွန်နီးတွေကို လာတော့မှာမို့ပျော်နေတာကို"

Jennie လည်းတူတူပဲပျော်နေမိပါတယ်။

ဒီနေ့ဆိုးလ်ကသူငယ်ချင်းတွေရောက်လာမှာဖြစ်လို့Jisoo နဲ့Irene ကသွားကြိုနေတယ်။

ပြောထားတဲ့နေ့ထက်စောပြီးရောက်လာကြလို့အံ့ဩနေပေမယ့်လဲကောင်းတာတစ်ခုက ကိုယ်ဝန်အကြောင်းတစ်ခါတည်းကြေညာလို့ရတာပေါ့။

" မနက်စာစားပြီးတော့မှအဲ့မှာဆက်စောင့်ပေါ့.. လိမ္မာတယ်ဒီကိုလာ"

" ဟုတ်ကဲ့။မစ်ကီယေးရောပျော်နေတာမလား? "

လက်ကကိုင်ထားတဲ့အရုပ်ကို စကားတပြောပြောနဲ့ဝင်လာတယ်။

Jen, သူ့ကိုထိုင်ခုံပေါ်ပွေ့တင်​ပေးလိုက်တယ်။

" အွန်နီး.. မစ်ကီကဘာရို့စကားပြန်မပြောတာလဲ.. စိတ်တိုနေလို့လား"

" ဟ.. ဟား. မဟုတ်ပါဘူးကလေးရယ်.. မစ်ကီကအရုပ်လေးကြီးကိုစကားဘယ်ပြောတတ်မလား.. အွန်နီး... စကားပြောတတ်တဲ့အရုပ်ဝယ်ပေးရမလား"

" အလိုပူး၊ မစ်ကီကအယ်လာရဲ့အချစ်ဆုံးသူငယ်ချင်းပဲကို.. တခြားအရုပ်နဲ့အချားမထိုးနိုင်ပါဘူး "

သူ့ညီမရဲ့သစ္စာရှိမှုကြောင့်Jen ပြုံလိုက်မိသည်။

" အွန်နီးဗိုက်ထဲကကလေးလေးထွက်လာရင်ဘေဘီနဲ့မစ်ကီလေးအတွက်သူငယ်ချင်းအသစ်ဖြစ်လာမှာ"

မျက်လုံးညိုလှလှလေးတွေနဲ့Ella မော့ကြည့်လာကာ

" Ella က baby Jensoo လေးနဲ့အတူတူကစားလို့ရတာပေါ့"

" JenSoo! "

" ဟုတ်တယ်လေဂျီဆူးအိုပါးနဲ့ဂျန်းနီအွန်နီးရဲ့ကလေးလေးလေ"

ညီအမနှစ်ယောက်စကားပြောနေကြတာကားဟွန်းသံအကျယ်ကြီးကြားမှရပ်သွားတယ်။

Falling For A Star ( Myanmar Translations)Where stories live. Discover now