19. Is It SeulRene No More?

916 67 3
                                    


Seulrene နှစ်ယောက်ကရေကူးကန်အနားမှာအခြေအတင်ဖြစ်နေကြတယ်။

SeulgiကJensoo ကိစ္စနဲ့ပက်သက်ပြီး လိမ်ပြောထားမိတာကို ခွင့်လွတ်ပေးဖို့တောင်းပန်နေတယ်။

" ခွင့်မလွတိနိုင်တဲ့ကိစ္စ လုပ်ထားတာလေရှင်က။   လိမ်ပြောတာကို ဘယ်လောက်မုန်းလဲ ရှင်သိရဲ့သားနဲ့ လိမ်တယ်လေ"

လက်ပိုက်ထားပြီးဒေါသသကြီးပြောတယ်။

" ဒါပေမယ့်... "

" အကယ်၍ ရှင်သာဒီကိစ္စဖုံးကွယ်မထားခဲ့ဘူးဆိုရင်Jisoo နဲ့Jennie လည်း ဒီအခြေအနေထိ ရောက်လာစရာ ဘာအကြောင်းမှမရှိဘူး!   Jennie ဆီမှာလဲ Jisooရဲ့ကိုယ်ဝန်ကပ်လာတော့မှာလဲမဟုတ်ဘူး!! "

Seulgi, စိတ်ပျက်သလိုIrene ကိုကြည့်လာပြီး

" ဘာလို့Jisoo ကိုဒီလောက်မုန်းတီးနေရတာလဲ.. ကိုယ်နားမလည်နိုင်တော့ဘူး! "

" Jisoo ကိုမမုန်းပါဘူး။  သူလဲငါ့သူငယ်ချင်းပဲကို။  ဒါပေမယ့်သူ့လိုလူမျိုးနဲ့တော့  ငါ့ညီမကိုသဘောမတူနိုင်ဘူး။  ငါ့ညီမကို  ငါ  ခံစားနေရသလို မနာကျင်ခိုင်းစေချင်လို့"

" ဘာပြောချင်တာလဲ? "

" ဘာပြောချင်တာလဲဆိုတာ နင်ကောင်းကောင်းသိပါတယ်Kang Seulgi! Jisoo လိုplayerက သူ့လိုချင်ဆန္ဒတွေမဖြည့်ဆည်းပေးနိုင်တဲ့တစ်နေ့ Jennie ကိုပစ်သွားမှာပဲလေ"

" Jisoo နဲ့ကိုယ့်ကို အထင်သေးစော်ကားနေတာပဲ!! ဟိုကတည်းကနေ အခုထက်ထိ အဲ့ကိစ္စတွေကိုနားလည်မပေးနိုင်သေးဘူးလား?? ဟုတ်တယ်ကိုယ်ကPlayer... Player တစ်ယောက်ဖြစ်ခဲ့ဖူးတယ် ဒါပေမယ့် ဘေဘီနဲ့တွေ့တဲ့နေ့ စလို့  တစ်ခြားဘယ်ကောင်မလေးတွေကိုမှ  လှည့်ကြည့်ခဲ့တာမဟုတ်ဘူး!! ပြီးတော့  ကိုယ်တို့တွဲလာတာ  လေးနှစ်တောင်ရှိနေပြီ.. ကိုယ့်ကိုအခုထိမယုံကြည်နိုင်သေးဘူးပေါ့!! တွဲလာတဲ့လေးနှစ်အတွင်းကိုယ်တစ်ခြားကောင်မလေးတွေနဲ့ဖောက်ပြန်တာ မိဖူးလား?? "

" မမိဖူးဘူး.. ဘာလို့လဲဆိုတော့  ရှင်ကအရမ်းတော်တဲ့playerတစ်ယောက်ဖြစ်တဲ့အပြင် အလိမ်အညာပါရဂူကြီးလေ.. ပြီးတော့   ရှင့်နောက်မှာလိုက်ဖုံးပေးမဲ့  ရှင့်သူငယ်ချင်းတွေကလဲအဆင်သင့်ပဲ"

Falling For A Star ( Myanmar Translations)Where stories live. Discover now