ဂျီဆူးတို့နှစ်ယောက် အိမ်ပြန်ရောက်တော့ အမှောင်ထုနဲ့ တိတ်ဆိတ်မှုက ဆီးကြိုနေတယ်။
တံခါးနားရောက်တော့ အကုန်လုံးရဲ့ ဂုဏ်ပြုစာလေး ကပ်ထားတာကိုတွေ့ရတယ်။
ဂျီဆူးက ရေအရင်ချိုးလိုက်ပြီး ဂျန်ပြီးမယ့်အချိန်ကို ထိုင်စောင့်နေတယ်။
ပျင်းမနေအောင်လို့ စာအုပ်လေးဖက်ပြီး စောင့်လိုက်တယ်။ အခန်းပတ်ပတ်လည် မျက်လုံးကစားကြည့်လိုက်တော့ တံခါးနားမှာ တစ်ခုခုချိတ်ထားတာ တွေ့မိလိုက်တယ်။
ထသွားပြီး ယူကာ ဖတ်ကြည့်လိုက်တော့
နောက်နှစ်စလောက်မှာ လာခဲ့မယ်
( မာမီက အဲ့အချိန်မှ လာလို့ရမှာလို့ ပြောတယ်)
ဒီကမ္ဘာကြီးထဲမှာ Debut လုပ်တော့မှာ.. ပြီးတော့ ဒယ်ဒီတို့ကို တွေ့ရဖို့မစောင့်နိုင်တော့ဘူး။
( Suprise )
-Jensoo
ထပ်ပေါ်လာလို့ လျှို့ဝှက်ပဟေဋ္ဌိကြောင့် မျက်မှောင်ကျုံ့သွားတယ်။
ဂျန်နဲ့ သူက စေ့စပ်ပြီးပြီဆိုတော့ ကလေးယူပေးလို့ရပေမယ့် အဲ့ကိစ္စကြီးကြောင့် သူတို့နှစ်ယောက် pressure မပိချင်ဘူး။ ကလေးရလာခဲ့ရင်လည်း ပျော်ပျော်ရွှင်ရွှင်ပဲကြိုဆိုလက်ခံပေးနိုင်သလို မရသေးရင်လည်း ဘာမှမဖြစ်ဘူး။
" Chu "
သတို့သမီးလောင်းလေးရဲ့ ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ သူ့ဆံပင်စိုလေးတွေကိုဖီးနေတယ်။
ဂျီဆူး အနားကိုလျှောက်သွားကာ ခါးမှဖက်တွယ်လိုက်ပြီး ခေါင်းကိုနမ်းကာ
" အသဲလေးက အမြဲချစ်ဖို့ကောင်းနေတာပဲကွာ"
ဂျန်လည်း ဂျီဆူးလက်တွေကိုကိုင်လိုက်ပြီးစိတ်ရှုပ်နေတဲ့သူ့ပူံစံကို သတိထားမိတာကြောင့်
" စိတ်ညစ်စရာရှိလို့လား"
ဂျီဆူး သက်ပြင်းချကာ ကုတင်ပေါ်မှာ ထိုင်လိုက်သည်။ ဂျန်းနီက အရမ်းလျင်တာေြကာင့် သူ,ဘာမှဖုံးကွယ်ထားလို့မရပေ။
YOU ARE READING
Falling For A Star ( Myanmar Translations)
Fanfiction📍Jitop 📍Genbender 📍BxG converted story - Jensoo I do not own anything. All right reserve to original owners. @unknownconverter translateလုပ်ထားတဲ့ fic ကို မြန်မာလို ပြန်ရေးရုံ သက်သက်သာဖြစ်ပါသည်။ မူရင်းပိုင်ရှင်အားလုံးကို credit ပေးပါတယ်။