ဒါဟျွန်းက ဆူးလ်နဲ့ ဂျီတို့ရဲ့ company ဖြစ်တဲ့ K2 corporation ကို သွားဖို့ပြင်နေတယ်။ သူ့အကိုနဲ့ စကားသွားပြောပြီး ပြဿနာတွေပြေလည်သွားအောင် ဖြေရှင်းပေးမလို့။
ဂျီဆူး, အိမ်ပြန်မလာတာ အခုဆို တစ်ပတ်လောက်ရှိပြီ။ ဂျန်းနီကတော့ လုံးလုံးကို ချုံးချုံးကျနေပြီ။ ဆယ်မိနစ်တစ်ကြိမ် သူမကို အဖတ်ပြန်မလုပ်တဲ့ ဂျီဆူးကို ဖုန်းခေါ်ရမှန်းမသိ၊ စာပို့ရမှန်းမသိ။ K2 ကိုလိုက်သွားဖို့ လုပ်သေးတယ် ဒါပေမယ့် အိမ်ကလူတွေက မသွားဖို့ တားထားလို့။
တစ်အိမ်လုံးလဲ တိတ်ဆိတ်နေတာပဲ။ ကလေးတွေရဲ့ ဆူသံတွေ၊ အယ်လာရဲ့ ဂျီကျသံတွေ၊ ဂျန်းနီရဲ့ ငိုသံအကျယ်ကြီးတွေက လွဲလို့ပေါ့။ ဂျန်းနီရဲ့ အဲ့လိုပုံစံကို မြင်ရတာ တကယ်ကို ရင်နာဖို့ကောင်းလှတယ်။
အယ်လာက အချိန်ပြည့် သူ့အိုပါးကိုပဲ မေးနေတာ။ သူ့ရဲ့ ကဗျာရွတ်ပြိုက်ပွဲက သန်ဖက်ခါနေ့။ ဂျီဆူး အိုပါးက ဂျန်းနီရယ် သူ့သားသုံးယောက်ရယ်နဲ့ လာကြည့်ပေးမယ်လို့ ကတိပေးထားတာ။
ဂျန်းနီက အခုဆို ကလေးနို့တိုက်ရမှာမို့သာ အစာကို ကြိတ်မှိတ်စားနေတာ။ အချိန်ပြည့် သူ့သား သုံးယောက်ကိုလည်း ဂျီဆူးအကြောင်း တပြောပြောနဲ့။ ပြီးတော့ ဂျီဆူး ပြန်လာရင် ပြမယ််ဆိုပြီး အယ်လာနဲ့ သားသုံးယောက်ရဲ့ ဗီဒီယိုတွေအများကြီး ရိုက်ထားသေးတာ။ နောက်ပြီးတော့ ဂျန်းနီက အမြဲ ဂျီဆူးရဲ့ ရှက်အင်္ကျီတွေသာ ယူဝတ်နေသည်။ သူမ ဂျီဆူး ရူးမတတ်လွမ်းနေတာလေ။
မနေ့ညဆို အိမ်ရှေ့ထွက်ထိုင်ပြီး ဂျီဆူးကို ထိုင်စောင့်နေလို့ အိုင်းရင်း၊ ချယ်ယောင်းက မနည်း အိမ်ထဲပြန်ဝင်ခိုင်းတော့လည်း ဂျန်က မဝင်ချင်လို့ သူတို့ပြောတာကို ဂရုမစိုက်ဘဲ ငိုနေသေးတာ။
ဂျန်းနီရဲ့ မိဘတွေလည်း ညတိုင်း ငိုနေတဲ့ သူတို့ရဲ့ သနားစရာသမီးလေးကို စောင့်ကြည့်ရင်း ဂျီဆူးကို စောင့်နေရုံမှ အပ ဘာမှမတတ်နိုင်ကြပေ။
အထဲကို ပွေ့ခေါ်ပေးမယ့် ဆူးလ်နဲ့ လီဆာသာ မရှိရင် ဂျန်က အိမ်ပြင်မှာ မိုးလင်းပေါက်ထိုင်မယ့်ပုံပဲ။ အိုင်းရင်း နဲ့ ချယ်ယောင်းလည်း အမြဲဘေးမှာနေကာ အဖော်ပြုပေးသည်။
YOU ARE READING
Falling For A Star ( Myanmar Translations)
Fanfiction📍Jitop 📍Genbender 📍BxG converted story - Jensoo I do not own anything. All right reserve to original owners. @unknownconverter translateလုပ်ထားတဲ့ fic ကို မြန်မာလို ပြန်ရေးရုံ သက်သက်သာဖြစ်ပါသည်။ မူရင်းပိုင်ရှင်အားလုံးကို credit ပေးပါတယ်။