"ဂျန်.."
ဂျန်းနီကို မြင်တာနဲ့ မထိန်းထားနိုင်စွာ ငိုချလိုက်သည့် ဂျီဆူး။ ဂျန်းနီကတော့ သူ့ကို ကြောင်အစွာ ရပ်ကြည့်နေတုန်း။
ဂျန်းနီနား ကပ်သွားလိုက်ကို လှမ်းဖက်လိုက်ပြီး ပို၍ ပြင်းထန်စွာ ငိုချလိုက်သည်။
အယ်လာလေးက သူ့တို့နှစ်ယောက်အောက်နားကနေ အထဲကို လှစ်ခနဲ ဝင်သွားပြီး ကလေးတွေနဲ့ သွားကစားနေသည်။
"ဘေဘီ..ကိုယ်တောင်းပန်ပါတယ်"
ဂျန်, မျက်ရည်မကျလာအောင် အံကို တင်းတင်းကြိတ်ထားပြီး ဖက်ထားသည့် ဂျီဆူးအား အားထုတ်၍ တွန်းထုတ်လိုက်သည်။ ဂျီဆူးကို တွန်းထုတ်ပြီးတာနဲ့ ချက်ချင်း တံခါးကို ဆောင့်ပိတ်လိုက်တာမို့ ကလေးတွေတောင် လန့်သွားပြီး ထငိုကြသည်.။
ကလေးတွေအနားသွား၍ အယ်လာလေးနဲ့ သားသုံးယောက်ကို အိပ်ယာပေါ်သို့ တစ်ယောက်ချင်းစီ ပွေ့တင်လိုက်သည်။
"ရှူး...မ ငိုနဲ့..မာမီ ရှိတယ်နော်"
"ဂျန်,...ဂျန်းနီ...ဂျန်းနီ"
ဂျီဆူးမှာ အပြင်မှ တံခါးကို တဒုန်းဒုန်းထု၍ အော်ခေါ်နေသည်။
အယ်လာမှာ တံခါးပေါက်ကို စိုက်ကြည့်နေသည်။ သူ့ အိုပါးကို တံခါးသွားဖွင့်ပေးချင်ပေမယ့် အွန်နီး မကြိုက်မှာလည်း စိုးရိမ်ရသေးသည်။
"ဘာရို့ ဂျီဆူးအိုပါးကို တံခါးမဖွင့်ပေးတာလဲ အွန်နီး"
"ဖွင့်ပေးစရာမလိုဘူး။ ထားလိုက်။ ခုနနေ ပြန်သွားလိမ့်မယ် အိုပါးက..နော်"
အယ်လာက ဂျန်းနီ ပြောတာကို နားမထောင်။ အပေါက်ဝနားပြေးကာ တံခါးပြေးဖွင့်လိုက်သည်။ ဂျန်းနီ နောက်က လိုက်တားပေမယ့် မမှီလိုက်။ ဟိုက တံခါးပွင့်ရုံတင်မက အထဲပါ ရောက်လာလေပြီ။
"ဘေဘီ...."
"ကိုယ် တောင်းပန်ပါတယ်"
ဂျန်းနီရှေ့တွင် ဒူးထောင်၍ တောင်းပန်လိုက်သည်။
"ကိုယ် အမှားကြီးလုပ်ခဲ့မိမှန်း သိပါတယ်။ ကိုယ် က အသုံးမကျတဲ့အကောင်ပါ။ ကိုယ် မိုက်မဲလို့ ဖြစ်တာ ...အကုန်လုံး ကိုယ့် အမှားတွေပဲ။ တခြားတစိမ်းလူကို ဘေဘီ့ထက် ပိုပြီး မယုံကြည်ပေးခဲ့သင့်ဘူး။..တောင်းပန်ပါတယ်နော်"
YOU ARE READING
Falling For A Star ( Myanmar Translations)
Fanfiction📍Jitop 📍Genbender 📍BxG converted story - Jensoo I do not own anything. All right reserve to original owners. @unknownconverter translateလုပ်ထားတဲ့ fic ကို မြန်မာလို ပြန်ရေးရုံ သက်သက်သာဖြစ်ပါသည်။ မူရင်းပိုင်ရှင်အားလုံးကို credit ပေးပါတယ်။