ဟန်းနီးမွန်း ထွက်မည့် ဇနီးမောင်နှံ နှစ်ယောက်သည် မိသားစုဝင်များကို နှုတ်ဆက်နေသည်။ ဆန်ဖရန်စစ်စကို ဖက်သို့ ဟန်းနီးမွန်း ထွက်ရန် မင်္ဂလာဆောင်ပြီးပြီးချင်း နောက်တစ်နေ့၌ ဟိုတယ်မှ အိမ်သို့ပြန်လာပြီး အထုပ်အပိုးများ လာယူကြသည်။
"Dyanie, Kookie, Manse!! လိမ်လိမ်မာမာနေနော်... မာမီနဲ့ ဒယ်ဒီ တို့နောက်နှစ်ရက်နေရင် ပြန်လာမှာနော်..ဟုတ်ပြီလား"
ဂျန်းနီ တစ်ယောက် သူ့သားတွေကို နမ်းနေတာ မပြီးနိုင်၊ မဆည်းနိုင်တော့ဘူး။ မျက်ဝန်းမှာလည်း မျက်ရည်တွေ အဝိုင်းသားနဲ့။ ကလေးတွေနဲ့ မွေးကတည်းက တစ်ခါမှ ခွဲဖူးတာမဟုတ်ဘူး။ အခုဟာက ပထမဆုံးအကြိမ် ဖြစ်သည်။
"မာမီရဲ့ စူပါဟီးရိုး ပေါက်စလေးတွေကို လွမ်းနေတော့မှာပဲကွာ.. မာမီ နဲ့ ဒယ်ဒီ က အားလုံးကိုချစ်တယ်နော်"
သားတွေကို နမ်းပြီးတော့ Arin နှင့် Luna ဖက်သို့လှည့်ကာ သူတို့ကိုလည်း နမ်းလိုက်သည်။
"မာမား ဂျန်းနီ က ပြန်လာရင် လက်ဆောင်ဝယ်ခဲ့ပေးမယ်နော်... သမီးလေးနှစ်ယောက်အတွက်... မာမားဂျန်းနီ ကို အားဝါးပေးပါအုံးကွာ"
Luna မှ အရင် နမ်းလာပြီး နောက်တော့ Arin လေးနမ်းသည်။
"ကလေးတွေအတွက် အရမ်းကြီး စိတ်ပူမနေပါနဲ့...နင်လည်းတွေ့တဲ့အတိုင်းပဲ နင့်သားတွေက သူတို့ဦးလေးတွေ၊ အဒေါ်တွေနဲ့ နေရရင်ကို ပြုံးလို့၊ ပျော်လို့ပဲ...နင့်ကို တောင် မေ့ရင် မေ့နေကြမှာ"
အိုင်းရင်းက ဟာသဖောက်၍ ပြောလိုက်သည်။
"ဂျီဆူး ရော"
ကလေးခန်းထဲ ဝင်လာတဲ့ ဆူးလ်ဂီ ကို ဂျန်, မေးလိုက်သည်။
"Oh! အယ်လာ နဲ့ သည်းကြီးမည်းကြီး ဆွေးနွေးရေးလုပ်နေတယ်..... နင်သိလား.. နင့်ယောကျာ်းက ငါတို့ကိုလေ...အယ်လာ ကို သေချာစောင့်ရှောက်ပေးဖို့ချည်း မှာနေတာ။ ဒယ်နီယယ် ဆိုတဲ့ကောင်နဲ့ တစ်ယောက်တည်း လွှတ်မထားနဲ့တဲ့။ အယ်လာ ကို အရမ်းတွေ အဖြစ်သည်းနေတဲ့ သူ့ကိုတောင် ငါ တကယ်ကို စိုးရိမ်လာမိပြီ"
YOU ARE READING
Falling For A Star ( Myanmar Translations)
Fanfiction📍Jitop 📍Genbender 📍BxG converted story - Jensoo I do not own anything. All right reserve to original owners. @unknownconverter translateလုပ်ထားတဲ့ fic ကို မြန်မာလို ပြန်ရေးရုံ သက်သက်သာဖြစ်ပါသည်။ မူရင်းပိုင်ရှင်အားလုံးကို credit ပေးပါတယ်။