ဂျန်, ကလေးခန်းထဲ မှ ထွက်လာပြီး မီးဖိုထဲ ဆင်းသွားလိုက်သည်။ စောစောက ကလေးတွေကို လုပ်ပေးနေရတာနဲ့ ကောင်းကောင်းမစားလိုက်ရတာကြောင့်။ ရေခဲသေတ္တာထဲ က ကျန်နေသေးတဲ့ဟာတွေ ထုတ်ယူလိုက်ပြီး oven ထဲ အပူပေးလိုက်သည်။
အနောက်ကနေ လာဖက်တဲ့ အထိအတွေ့ကြောင့် အတွေးလွန်နေရာမှ ပြန်သတိဝင်လာသည်။
"မအိပ်သေးဘူးလား"
နောက်ကနေ ဖက်ထားတဲ့ ဂျီဆူး က မေးလာပြိး ပါးပေါ်သို့ လှမ်းနမ်းသည်။
"ဗိုက်ဆာလာလို့.... Chu ရော အခုထိ မအိပ်သေးဘူးလား..တစ်နေကုန် ပင်ပန်းနေတာမလား။ နားတော့လေ"
" ဘေဘီ မရှိပဲ ကိုယ် မှ မအိပ်တတ်တာ"
အစာနွေးပြီးသွားပြီ ဖြစ်လို့ ဖက်ထားတဲ့ ဂျီဆူး လက်ကို ဖယ်လိုက်ကာ မီးဖို ထဲက စားပွဲမှာပဲ ထိုင်စားလိုက်သည်။ ဂျီဆူး က နှစ်ယောက်လုံးအတွက် သံပုရာရည် ဖျော်ပေးလာပြီး သူမ အနားမှာ ဝင်ထိုင်သည်။
"ကလေးတွေတောင် နောက်တစ်ပတ်ဆို တစ်နှစ်ပြည့်ပြီနော့်"
ဂျန်, ဂျီဆူးကို ခွံကျွေးလိုက်သည်။
" အွန်... ဘေဘီ တောင် သူတို့မွေးနေ့အတွက် လုပ်မယ့် theme တွေးထားတယ်...သားတွေက ဒိုင်နိုဆော ကြိုက်တာဆိုတော့ ဒိုင်နိုဆော အပြင်အဆင်လေး ဆင်ရင် မကောင်းဘူးလား"
"ဒိုင်နိုဆော?"
ဂျန်, ခေါင်းညိတ်ပြလိုက်တယ်။
"တခြားကလေးတွေ ကြောက်နေကြမှာပေါ့"
ဖျော်ရည် တစ်ငုံသောက်ရင်း ပြောလိုက်တော့ ဂျန် က ဝါးနေတဲ့ အစာတွေကို မြိုချလိုက်ကာ
" ကိုကို ရော.. ဘယ်လို လုပ်မယ်လို့..တွေးထားသေးလဲ"
" Superheroes... ဒယ်ဟန် က စူပါမန်း.၊ မင်ဂု က batman၊ မန်ဆယ်လေးကိုက flash လုပ်ပေးလိုက်မယ်။ အရမ်းချစ်ဖို့ကောင်းနေမှာမှန်း ကိုယ်ပြောရဲတယ်"
ကိုယ့်အတွေးနဲ့ ကိုယ် ပြုံးနေသော ဂျီဆူး။
"ပြီးတော့ အယ်လာ က Batgirl ဝတ်စုံလေးနဲ့ဆို ချစ်ဖို့ကောင်းနေမှာ။ Arin ကိုက super-girl၊ Luna လေးက Wonderwoman"
YOU ARE READING
Falling For A Star ( Myanmar Translations)
Fanfic📍Jitop 📍Genbender 📍BxG converted story - Jensoo I do not own anything. All right reserve to original owners. @unknownconverter translateလုပ်ထားတဲ့ fic ကို မြန်မာလို ပြန်ရေးရုံ သက်သက်သာဖြစ်ပါသည်။ မူရင်းပိုင်ရှင်အားလုံးကို credit ပေးပါတယ်။