Alarmသံအကျယ်ကြီးကြောင့် Jennieနိုးလာတယ်။ ၇ နာရီပဲရှိသေးတာမို့ အအိပ်မက်တဲ့ သူမအတွက်တော့ စောလွန်းတယ်။Jen, နှိုးစက်ကို လှမ်းပိတ်ဖို့ကြိုးစားလိုက်ပေမယ့် ဘေးမှာအိပ်နေတဲ့တစ်ယောက်က သူ့ကို ကြား လေတောင် တိုးဝင်လို့မရအောင်ကို ပူးကပ်ဖက်ထား တာ မို့ လှုပ်မရပေ။
မနေ့ညက Jisooနဲ့ သူမရဲ့အကြောင်းကို ပြန်တွေးပြီး ပြုံးလိုက်မိတယ်။
Ellaက Seulgiနဲ့အတူ ထွက်သွားတဲ့နေ့ကတည်းက Jenတို့နှစ်ယောက် တစ်နေ့ကို အကြိမ်ပေါင်းများစွာ 'ချစ်ရည်လူး' ကြတယ်။
Jen , သူ့ကို အရမ်းလွမ်းနေခဲ့တာ။ ခရီးကိုရော Ellaနဲ့ Jisooကိုခေါ်သွားချင်ပေမယ့် Joohyukက နှစ်ယောက်တည်းသွားရအောင်လို့ တောင်းဆိုထားတာမို့။ အစကတော့ Jen ရောကြောင်ပြီး၊ မယုံသင်္ကာဖြစ်ပေမယ့် Joohyukက မတွေ့ရတာကြာပြီဖြစ်လို့ သေချာအချိန်ဖြုန်းချင်လို့ ဆိုပြီးရှင်းပြတယ်။
Joohyukကပြောသေးတယ် Ellaလိုက်ခဲ့ရင် Jenက အချိန်ပြည့် ကလေးလိုက်ထိန်းနေရပြီး သူတို့အချိန်ကောင်းကောင်း မဖြုန်းနိုင်မှာ စိုးလို့တဲ့။
အဲ့စကားကြောင့် Jenနည်းနည်းတော့ စိတ်ခုသွားတယ်။
Jisooနဲ့ သူမရဲ့ သူငယ်ချင်းယောက်ျားလေးအုပ်စုဆို Ellaအပေါ် ဘယ်တော့မှ စိတ်မရှည်တာမျိုးမဖြစ်ဘူး။ အဲ့ထက်ပိုပြီးတော့တောင် သူတို့ရဲ့ မိသားစုဝင်အရင်းတစ်ယောက်လို ဆက်ဆံကြတာ။အထူးသဖြင့် ကျွန်မဘေးမှာ အေးအေးချမ်းချမ်း အိပ်နေတဲ့တစ်ယောက်ပေါ့။
Jisooက ကျွန်မကို ပိုတိုးဖက်လားပြီး လည်ပင်းမှာ မျက်နှာလာအပ်လေသည်။ Jen သူ့ရဲ့ ပိုင်ဆိုးပိုင်နင်းနိုင်မှုကို ရယ်လိုက်ပြီး သူ့ဆံပင်တွေကို သပ်ပေးလိုက်သည်။
" Humm...ဘာလို့အစောကြီး နိုးနေတာလဲ"
Jisooက သူ့နဲ့နိုးခါစအသံအက်အက်ကြီးနဲ့ မေးလာတယ်။" အဝတ်အစားထည့်ဖို့လုပ်ရအုံးမှာမို့လေ...တစ်ယောက်သောသူက မနေ့ည လုပ်ခွင့်မပေးတာကြောင့်"
" ဘေဘီရော မနေ့ညတစ်ညလုံး ကိုယ်လုပ်ပေးတာကို သဘောကျနေတာပဲမလား...ဟုတ်တယ်ဟုတ်"
YOU ARE READING
Falling For A Star ( Myanmar Translations)
Fanfic📍Jitop 📍Genbender 📍BxG converted story - Jensoo I do not own anything. All right reserve to original owners. @unknownconverter translateလုပ်ထားတဲ့ fic ကို မြန်မာလို ပြန်ရေးရုံ သက်သက်သာဖြစ်ပါသည်။ မူရင်းပိုင်ရှင်အားလုံးကို credit ပေးပါတယ်။