" Ugh. "Seulgi သူ့ကောင်မလေးနားမှာ အင့်ခနဲ မြည်အောင် လှဲချလိုက်ပြီး ဖက်ထားသည်။ ပြီးတော့ အိပ်ပျော်သွားအောင် ဆံပင်ကိုပွတ်သပ်ချော့သိပ်ပေးနေသည်။
" ချစ်တယ် Seul "
Irene ပြန်ဖက်လိုက်ပြီး ပြောလိုက်သည်။ သူ့မျက်လုံးတွေတစ်ဖြည်းဖြည်းမှေးဆင်းကာ အိပ်ပျော်လာသည်။သူတို့ နှစ်ယောက်လုံး အရမ်းပင်ပန်းနေကြပြီ။ ဘာလို့လဲဆိုတော့ အခန်းထဲမှာ နေရာချပြီးတာနဲ့ Seulgiက သူ့အပေါ်ခုန်အုပ်ပြီး အချစ်ကြမ်းနေတာ သူမ အိပ်ယာပေါ် ပျော့ခွေကျသွားတဲ့ အထိပါပဲ။
" ကိုယ်ရော ဘန်နီ့ကို အရမ်းချစ်တယ်.... လွမ်းနေတာကွာ... "
Seulgi ခေါင်းကို နမ်းလိုက်သည်။Jennieရဲ့ 'တိုက်ခန်းမှာ လာမအိပ်ရဘူး' ဆိုတဲ့ တားမြစ်ချက်ကြောင့် သူတို့နှစ်ယောက် Ella ကိုးရီးယားကိုရောက်လာ ကတည်းက တူတူအိပ်ပြီး မချစ်နိုင်ကြတော့ဘူး။
တခြားနေရာတွေရှာပြီး ချစ် လို့ရပေမယ့် Ireneက နာမည်ကြီး modelဆိုတော့ ဂရုစိုက်ရမယ်လေ။ Paparazziတွေကအချိန်ပြည့် သူမကို နောက်ယောင်ခံနေတာ။ Hotelတွေအထိသွားပြီးတော့ ချစ်ရ လောက် အောင်ထိ သူမပုံရိပ်ကို အထိအခိုက် မခံနိုင်ဘူး။ Ireneရဲ့အနုပညာလောက က ဘယ်လောက်မလွယ်ကူမှန်း သူနားလည်သည်။ ပြီးတော့ သူကိုယ်တိုင်ကရော Ireneကို ဘာလို့အတင်းအကျပ် မတောင်းဆိုရခြင်းရဲ့
နောက်ထပ်အကြောင်းပြချက်တစ်ခု သူ့ဘဝထဲ ဝင်လာတဲ့ နတ်သမီးလေးEllaကြောင့်ပဲ။ Seulgiရော Ellaကို အရမ်းချစ်တယ်။ Ellaက တကယ်ကို ချစ်စရာ၊ မြတ်နိုးစရာကောင်းတယ်။ ပြီးတော့ Ellaကြောင့်ပဲ အခု သူကိုယ်တိုင် မြန်မြန်အခြေကျပြီး၊ Ellaလို ချစ်စရာကောင်းတဲ့ကလေးလေးတွေမွေးဖို့ ပိုမိုစိတ်အားထက်သန် လာသည်။" Seul...အကယ်လို့ ကိုယ်ဝန်ရသွားရင် ဘယ်လို လုပ်မလဲ "
Seulgiရဲ့မျက်လုံးကို စိုက်ကြည့်ပြီး Ireneမေးလိုက်တော့ Seulgiကပြုံးပြီး
" ကောင်းတာပေါ့....ကိုယ်ရော little irene လေးက ကိုယ့်ကို ဒယ်ဒီလို့ခေါ်ပြီး ပြေးနေမှာကို မြင်ချင်လှပြီ "
Ireneရဲ့နှုတ်ခမ်းကို တစ်ချက်နမ်းပြီး အမှန်အတိုင်းဝန်ခံလေသည်။
YOU ARE READING
Falling For A Star ( Myanmar Translations)
Fanfic📍Jitop 📍Genbender 📍BxG converted story - Jensoo I do not own anything. All right reserve to original owners. @unknownconverter translateလုပ်ထားတဲ့ fic ကို မြန်မာလို ပြန်ရေးရုံ သက်သက်သာဖြစ်ပါသည်။ မူရင်းပိုင်ရှင်အားလုံးကို credit ပေးပါတယ်။