ep-33

3.1K 251 40
                                    

Zawgyi

ကျိုးတိုးကျဲတဲထွက်ပေါ်လာသောနေရောင်ခြည်ကလှပသောမနက်ခင်းကိုစတင်ဖွင့်လှစ်ခဲ့ပြီ။ နေရောင်ခြည်တောင်ထွက်ပေါ်လာပြီ ငူငိုင်စွာထိုင်နေတဲ့ဂျောင်ကုကတော့ ဆိုဖာပေါ်ကနေမထသေး..။

ဆေးရုံကပြန်ရောက်ကတည်းကဧည့်ခန်းကဆိုဖာပေါ်မှာ အချိန်အကြာကြီးတွေးလိုက်ငိုလိုက်နဲ့မို့ သူ့မျက်လုံးတွေလည်းဖုဖောင်းလို့နေသည်။

ည၂နာရီလောက်ကတည်းကမအိပ်နိုင်ဘဲငိုထားတာနဲ့ပါပေါင်းပြီးခေါင်းတွေကလည်းမတရားထိုး၍ကိုက်နေသည်။

တကယ်ဆိုပြဿနာအားလုံးရဲ့တရားခံကသူကိုယ်တိုင်ပင်...။ ယောင်းကိုသူအကြာကြီးပစ်ထားခဲ့မိသလိုဖြစ်သွားခဲ့တာ..။ ယောင်းကိုသူဂရုစိုက်မှုနည်းခဲ့တာ..။

တကယ်ဆိုShopping mallက ကလေးအသုံးအဆောင်တွေကိုယောင်းရှေ့မှာချစ်ဖို့ကောင်းလိုက်တာလို့မပြောခဲ့သင့်ဘူး..။

ကလေးချစ်တာလားဂျွန်' လို့ယောင်းမေးခဲ့တုန်းက သူငြင်းခဲ့ရမှာ..။

သူ့ရဲ့တစ်နေ့တာကိုယောင်းကအကုန်သိနေပေမယ့် ယောင်းရဲ့တစ်နေ့တာကိုယောင်းဘယ်လိုဖြတ်သန်းနေလဲဆိုတာကိုသူအလေးမထားမိခဲ့ဘူး။

သူ့အချစ်တွေနဲ့ယောင်းပျော်နေတယ်ဆိုပြီး အပေါ်ယံတွေးခဲ့မိတယ်.. ။ ယောင်းရဲ့စိတ်ထဲကိုခဏလေးလောက်တောင်ဝင်မတွေးပေးခဲ့မိဘူး..။

တစ်လနဲ့တစ်လမတူကွဲပြားလာတဲ့အခြေအနေကိုရိပ်မိပေမယ့် ယောင်းကအဆင်ပြေတယ်ပြောတိုင်း ပြီး ပြီးရောသဘောနဲ့ပေါ့တန်တန်နေခဲ့မိတယ်။

ဒါတွေအားလုံးသူမှားခဲ့တာ...
ယောင်းရဲ့စိတ်ကိုသူသာအသိဆုံးဆိုပြီးကိုယ့်ကိုယ်ကိုအထင်ကြီးစိတ်တွေဝင်နေခဲ့တာ... ကိုယ်မှားခဲ့တာပါယောင်းရယ်... ကိုယ့်ကြောင့်ပါ...

အခုတော့ ကိုယ်ချစ်တဲ့ယောင်းက ကိုယ့်ဘဝကိုဖြည့်ဆည်းပေးဖို့အန္တရာယ်လမ်းကိုမှဇွတ်တိုးခဲ့ပြီ... ကိုယ်အတ္တကြီးခဲ့တာယောင်း.. ကိုယ်အတ္တကြီးခဲ့တာ..

"ဂျွန်..! "

လှေကားပေါ်ကနေဖြေးဖြေးချင်းဆင်းလာနေတဲ့ယောင်းက သူ့ကိုတိုးတိုးလေးခေါ်တယ်။ ဂျွန်! တဲ့...

𖣘 MEMOIR 𖣘 ( completed )Wo Geschichten leben. Entdecke jetzt