ep-5

3.7K 377 17
                                    

Zawgyi

"ထယ်ထယ် မျက်နှာလည်းမကောင်းပါလား"

ခါတိုင်းဆိုကျောင်းရောက်ကတည်းက အငြိမ်
မနေတတ်သောကောင်လေးက အခုတော့တမှိုင်မှိုင်တတွေတွေနှင့် ငြိမ်သက်နေသောကြောင့် ဂျီမင်းစိတ်ပူနေမိသည်။

ဘာတွေများစိတ်ညစ်စရာရှိလို့ပါလိမ့် ထယ်ထယ်ရယ်။ မျက်ကွင်းတွေကညိုပြီးချိုင့်နေပုံအရ ညကလည်းအိပ်မပျော်ခဲ့ဘူးထင်ပါတယ်။သက်ပြင်းတွေလည်း ခဏခဏချနေသည်ကြောင့် ဂျီမင်းမနေနိုင်စွာမေးမိသည်။ညီလေးတစ်ယောက်လိုချစ်ရတဲ့ ဒီကောင်လေးကို ပျော်ပျော်နေတာပဲ သူမြင်ချင်ပါသည်။

"ဟင်းမ်.... ဒီလိုပါပဲဂျီမင်းရယ်"

ကြည့် .. ဒီကောင်လေးဟာလေ။
လူကြည့်တော့ ကလေးစိတ်လေးနဲ့ တစ်ခုခုဆိုအမြဲတမ်းမြိုသိပ်နိုင်လွန်းသည်။

"မင်းမှာငါ့အပြင် ဘယ်သူ့ကိုရင်ဖွင့်စရာရှိသေးလို့လဲ ထယ်ထယ်"

ဆူသလိုလေးအော်လိုက်တော့မှ မျက်နှာလေးကိုတည့်တည့်လှည့်ကြည့်လာသည်။မျက်ဝန်းထဲမှာလည်း မျက်ရည်တွေကဖွဲ့သီလို့။
လက်ကလေးကို ဖျစ်ညှစ်ပြီးဆုပ်ကိုင်အားပေးလိုက်တော့ အံလေးကြိတ်ကာမျက်တောင်လေးကိုပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ငိုချင်သည်ကို ထိန်းချုပ်ထားရှာသည်။

ဒီကလေးလေးဘယ်လောက်တောင်များခံစား နေရတာလဲ။ငိုသံတစ်ဝက်နှင့်ရောယှက်ပြီးအကြောင်းစုံကို ပြောပြလာသောစကားတို့က ဘေးနားကကြားရသည့်သူ့ကိုပင် ဝမ်းနည်းအားငယ်စေသည်။

အားကိုးခင်တွယ်စရာသံယောဇဉ်ဆိုလို့ ဒီအမေတစ်ယောက်ပဲရှိတဲ့ ဒီကလေးကိုမှ ကံတရားကရှောင်ဖယ်ရက်လေခြင်း။

"အဲ့ဒါဆို ထယ်ထယ်ကအခု ဂျောင်ကုတို့အိမ်မှာနေနေတာပေါ့ "

ခေါင်းလေးသာညင်သာစွာညှိတ်ပြလာသောကောင်လေး။ရောဂါသည်မိခင်ကတစ်ဖက်၊မလိုမုန်းထားတဲ့သူစိမ်းနဲ့နေရတာက တစ်ဖက်နဲ့ ထယ်လေးဘယ်လောက်ခံစားနေရမလဲဆိုတာ မပြောလည်းသူသိပါသည်။

သူငယ်ချင်းတစ်ယောက်ဖြစ်ပြီး နှစ်သိမ့်ပေးတာကလွဲလို့ ကြီးကြီးမားမားမကူညီနိုင်သည်မို့ အားလည်းနာရသည်။လောလောဆယ် ကိုယ်တွေဝေနေသည်ထက် ထယ်လေးစိတ်ပြောင်းဖို့ကအရေးကြီးသည်။

𖣘 MEMOIR 𖣘 ( completed )Tahanan ng mga kuwento. Tumuklas ngayon