ep-12

3.4K 327 13
                                    

Zawgyi

အရုဏ်တက်ချိန်မို့မြူနှင်းတို့ထုံဆိုင်းပြီးအအေးပိုလာချိန်ဖြစ်၍ အပူလောင်ထားသောထယ်ယောင်း၏ခြေထောက်ကစပ်ဖျင်းဖျင်းနှင့်နေရခက်လာသည်။

ဆေးလိမ်းတုန်းကပြန်ပြီးအိပ်ချင်လာသည်ကြောင့် ဆိုဖာတွင်သာအိပ်လိုက်တော့မည်ဟုတွေးထားသော်လည်း ယခုတရေးနိုး၍ကြည့်လိုက်တော့ အိပ်ယာပေါ်ပြန်ရောက်နေလေသည်။အခုလိုကျတော့လည်း ဂျောင်ကုကိုထယ်ယောင်းအားနာမိပြန်သည်။

အပူလောင်သည့်အချိန်တုန်းက စိုးရိမ်စိတ်ဖြင့်အော်ခဲ့မိသောဂျောင်ကုစေတနာတွေကို သူကကလေးဆန်ဆန်အပြုအမူမျိုးနှင့်တုံ့ပြန်ခဲ့မိသည်ကြောင့် ပိုပြီးအားနာရသည်။

"ထယ်ယောင်း နိုးနေပြီလား...? ဗိုက်ဆာနေမှာသိလို့ မနက်စာပြင်ထားတယ်အောက်မှာ"

သူ့အကြောင်းတွေးနေတုန်း အခန်းထဲဝင်လာပြီး မနက်စာပြင်ထားသည့်အကြောင်းပြောနေသောဂျောင်ကုကို ထယ်ယောင်းအတွေးများနှင့်သာကြည့်နေမိသည်။

တကယ်ဆိုဂျောင်ကု၏အပြုအမူတွေကိုထယ်ယောင်းနားမလည်နိုင်ပါ။မနေ့ကအထိရန်သူကြီးတစ်ယောက်လို ခါးသည်းစွာဆက်ဆံနေရင်းမှ ချက်ချင်းကြီးနူးညံ့ပြနေသောဂျောင်ကုကို ထယ်ယောင်းနားလည်ရခက်လှသည်။

ဘယ်လိုအကြံအစည်တွေနဲ့လှည့်စားပြဦးမလို့လဲ ဂျောင်ကုရယ်။အစစ်အမှန်လား၊ အတုအယောင်လား မသဲကွဲတဲ့မင်းရဲ့ဂရုစိုက်မှုတွေကို ငါမယုံကြည်ရဲသေးဘူးဖြစ်နေတယ်ဂျောင်ကု။

"ထယ်ယောင်း ! "

"ဟင် "

"ဘာလို့လဲ ခြေထောက်ကနာနေလို့လား"

"ဟင့်အင်း.. သက်သာပါတယ် မင်းရဲ့ကျေးဇူးကြောင့်.။. ကျေးဇူးတင်ပါတယ်ဂျောင်ကု"

ထယ်ယောင်း၏အဖြေကြောင့် ဂျောင်ကုစိတ်အေးရပေမယ့် ကျေးဇူးဆိုသောသူစိမ်းဆန်ဆန်စကားကြောင့် အချိုသာဆုံးအပြုံးဖြင့်သာဂျောင်ကုတုံ့ပြန်လိုက်သည်။

တစ်ဆက်ထဲမှာပင် ထယ်ယောင်းနှင့်သူ့ကြားမှာရင်းနှီးမှုမရှိသေးဘူးဆိုတာ ဂျောင်ကုသုံးသပ်လိုက်မိသည်။ဒါတွေဟာ ကလေးစိတ်နဲ့ပြုမူခဲ့မိတဲ့သူ့ရဲ့ဒေါသအမှားတွေကြောင့်သာလျှင်ဖြစ်သည်။

𖣘 MEMOIR 𖣘 ( completed )Where stories live. Discover now