ep-8

3.3K 362 9
                                    

Zawgyi

တစ်ပတ်။
တစ်ပတ်ဆိုသောအချိန်ကာလသည် ဘယ်လိုပင်တိုတောင်းသောကာလအပိုင်းအခြားတစ်ခုဖြစ်သော်လည်း ထယ်ယောင်းအတွက်တော့ ကန္တာရခရီးကိုလက်ပစ်ကူးရန် ဆူးခြုံတောကိုကျော်ဖြတ်ရသလိုပင် ခက်ခဲလွန်းလှသည်။

တစ်ခုမဟုတ်တစ်ခုရန်ရှာတတ်သောဂျောင်ကုကို မျက်နှာချင်းဆိုင်မတွေ့မိအောင် ရှောင်ရှားရသည်မှာလည်း ကြာလာတော့ကိုယ့်ကိုကိုယ့် အပြစ်သားတစ်ယောက်လိုတောင်ထင်လာမိနေပြီ။

လေးထောင့်မျက်မှန်လေးကိုချွတ်ပြီး ဖတ်လက်စစာအုပ်ကိုပိတ်ကာ ရေသောက်ရန်ဘေးနားကရေဘူးကိုယူပြီး ဖန်ခွက်ထဲသို့ထည့်လိုက်သည်။ကံကကောင်းချင်တော့ ရေဘူးထဲမှာရေကကုန်နေလေပြီ။အောက်မဆင်းချင်လည်းဆင်းရတော့မှာပေါ့ အမောင်ထယ်ယောင်းရေ။ သက်ပြင်းကိုဖူးကနဲမှုတ်ထုတ်ပြီး အောက်ထပ်ကိုဖြေးဖြေးချင်းဆင်းလာခဲ့သည်။

ညဥ့်နက်သန်းခေါင်မို့ အရာရာသည် တိတ်ဆိတ်ပြီး ခြောက်ခြားဖွယ်ကောင်းလှသည်။ပြတင်းတံခါးမှန်ကိုထိုးဖောက်ဝင်ရောက်လာသောလ၏အလင်းရောင်ဖြင့် ခြေထောက်ကိုဖွဖွနင်းကာရေခဲသေတ္တာဆီမှန်းဆ၍လျှောက်သွားလိုက်သည်။

ရေဘူးတစ်ဘူးကိုဖွင့်ပြီး မော့သောက်လိုက်မိချိန်တွင် ခြောက်ကပ်နေသောအာခံတွင်းကပြန်လည်စိုပြေလာသည်။ရေငတ်မှုကိုအာသာဖြေပြီးနောက်ရေခဲသေတ္တာကိုပြန်ပိတ်ပြီး အပေါ်ပြန်တက်ရန် ပြင်လိုက်သည်။

"oma_❗️"

လှေကားထိပ်တွင်လက်ပိုက်ကာမတ်တပ်ရပ်ပြီးစိုက်ကြည့်နေသောဂျောင်ကုကြောင့် ထယ်ယောင်းလန့်သွားပြီး လက်ထဲကရေဘူးပါလွတ်ကျခဲ့ရသည်။မတွေ့အောင်ရှောင်ကာမှ တည့်တည့်တိုးရသည့်ဖြစ်ခြင်း။

"ဘာတွေခိုးကြောင်ခိုးဝှက်လုပ်နေလို့ လန့်နေရတာလဲ "

အိပ်မပျော်သောကြောင့် ရေသောက်မည်ဆိုပြီး ဂျောင်ကုအောက်ထပ်သို့ဆင်းလာချိန်တွင် ရေခဲသေတ္တာရှေ့မှာရပ်နေသောကောင်လေးကိုတွေ့သည့်ကြောင့် ဆက်မသွားတော့ဘဲလှေကားထိပ်တွင်ရပ်ကြည့်နေလိုက်သည်။

𖣘 MEMOIR 𖣘 ( completed )Donde viven las historias. Descúbrelo ahora