Zawgyi
စက္ကန့်နှင့်အမျှတရွေ့ရွေ့ကုန်ဆုံးနေတဲ့အချိန်တွေရယ်၊ အဲ့ဒီစက္ကန့်အလိုက်ပဲမသိမသာပြောင်းလဲနေတဲ့အရာတွေရယ်...ဩော်..သတိမထားလိုက်မိခင်အချိန်လေးအတွင်းမှာပဲကုန်ဆုံးသွားပြန်ပြီနောက်တစ်နှစ်...ဟူး~~
စိမ်းလဲ့ကြည်လင်သောရေပြင်ကိုကြည့်ရင်းထယ်ယောင်းသက်ပြင်းချလိုက်သည်။ဒီနေရာ၊ဒီဒေသ၊ဒီကျောင်းက သူအမြဲတမ်းစိတ်ကူးယဉ်ပြီးတက်ချင်နေခဲ့တဲ့အိမ်မက်လေး။
ပုံထဲတွေကထက်ပင်သာယာဆိတ်ငြိမ်သော Cambridgeမြို့လေး။ဤမြို့လေးက အရှေ့တိုင်းအင်္ဂလန်မှာတည်ရှိပြီး ဆိတ်ငြိမ်လှပတဲ့Camမြစ်က ဖြတ်သန်းစီးဆင်းထားတာကြောင့် အိမ်မက်ဆန်ဆန်ပန်းချီကားတစ်ချက်လိုလှပလွန်းသည်။" omaကိုသတိရလိုက်တာ... ပြီးတော့... Jimineeကိုရောပဲ ...
apaရော နေကောင်းရဲ့လားမသိဘူး။
အဟင်း..ရယ်ရသားပဲ~~ကွယ်ရာရောက်မှapaလို့ခေါ်တော့ရော ဟိုကသိမှာမို့လို့လား..ayyhhh..... ရူးနေပြီထင်တယ်အ..ပြီးတော့....ပြီးတော့... အဲ့ဒီလူ__ဂျောင်ကု...ဂျောင်ကုရောအဆင်ပြေမယ်ထင်တယ်"
အဝေးတစ်နေရာရောက်မှ အနားမှာမရှိနိုင်တော့တဲ့သူတွေကိုလွမ်းဆွတ်ရတာလည်းနာကျင်လိုက်တာ။
"သက်ပြင်းတွေလည်းချပြီး တစ်ယောက်ထဲဘာတွေပြောနေတာလဲ ထယ်ဝန်းငယ်"
ရေပြင်ကျယ်ကိုကြည့်ရင်းအတွေးလွန်နေတုန်း အနောက်မှရောက်လာသော Joon hyungကြောင့် အနည်းငယ်လန့်သွားမိသည်။
ထယ်ဝန်းငယ်တဲ့....
ပထမဆုံးစတွေ့ကတည်းက နူးနူးညံ့ညံ့လေးခေါ်သော ထိုအမည်နာမလေးကိုထယ်ယောင်းသဘောကျခဲ့သည်။အသည်းယားတဲ့အခါမျိုးနဲ့သဘောကျတဲ့အချိန်တွေဆို hyungက ထိုနာမ်စားလေးကိုအမြဲသုံးလေ့ရှိသည်။