ep-22

2.8K 293 13
                                    

Zawgyi

ယောင်းရဲ့အေးစက်တဲ့အကြည့်တွေက အားနည်းနေမှန်းကိုယ်သိတယ်။မဝံ့မရဲဖြစ်နေတဲ့ယောင်းရဲ့စိတ်ကိုနားလည်တာမို့ ယောင်းအဆင်ပြေအောင်ကိုယ်ငြိမ်နေခဲ့တာ သိရဲ့လားယောင်း....။

"အားလုံးပဲသိကြတဲ့အတိုင်း ဒီနေ့ JK groupရဲ့ ဆက်ခံသူကိုနေရာလွှဲပေးမှာဖြစ်ပါတယ်."

အစည်းအဝေးကို JK group၏လက်ရှိCEOဂျွန်ဂျောင်မင်းက စတင်လိုက်တာနဲ့ အားလုံးကစိတ်ပါဝင်စားစွာအာရုံစိုက်နေကြသည်။

ရှယ်ယာဝင်တွေအကုန်လုံးက ဆက်ခံသူသည်ဂျောင်ကုဆိုတာသိနေသော်လည်း ကုမ္ပဏီ၏စည်းကမ်းနှင့်အည်ီ ပြောစရာဆိုစရာရှိသည်များကိုလုပ်ဆောင်ရသေးသည်မို့ နားလည်စွာပဲစောင့်ဆိုင်းနေခဲ့ကြသည်။

အချိန်အနည်းငယ်ကုန်ဆုံးပြီးတော့ဆက်ခံသူကိုကြေညာမည့်အချိန်ကိုရောက်လာသည်။အားလုံးကဂျောင်မင်းမျက်နှာကိုသာ မျှော်လင့်တကြီးစောင့်စားနေသော်လည်း ဂျောင်ကုကတော့အရှေ့ကထယ်ယောင်းမျက်နှာကိုသာငေးကြည့်နေလေသည်။

"JK groupရဲ့ဆက်ခံသူနေရာကို ကျွန်တော့်သားငယ်ဂျောင်ကုကိုတရားဝင်ပေးအပ်ပါတယ်ခင်ဗျာ... ကန့်ကွက်မည့်သူရှိကြလား"

အားလုံးက လိုလားစွာပင်လက်ခံကြသည်။
ထိုအချိန်တွင် အပြုံးမပျက်ဘဲ လက်တစ်ဖက်မြှောက်ကာ ကန့်ကွက်လာသောသူတစ်ယောက်....။

"ကျွန်တော်ကတော့ လက်မခံပါဘူး"

အံ့သြသင့်ကြီးစွာ ဂျောင်မင်းမှာမှင်သက်နေမိသည်။ရှယ်ယာဝင်တွေအကုန်လုံးကလည်း တစ်ယောက်တစ်ပေါက်နှင့် အသံတွေထွက်လာကြသည်။

"ဂျောင်ကု..!! မင်းကဘာလို့လက်မခံရတာလဲ"

မနေနိုင်စွာဖြင့် ထယ်ယောင်းကမေးတော့ ဂျောင်ကုကပြုံးပြသည်။

"အကြောင်းအရင်းကိုကျွန်တော်မပြောခင် အားလုံးကိုကျွန်တော်မေးချင်တာတစ်ခုရှိပါတယ်။

CEOရဲ့သားမဟုတ်ဘဲ ဆက်ခံသူနေရာကိုယူခွင့်ရှိပါသလား"

ဂျောင်ကုကအပြုံးမပျက်ပြောနေပေမယ့် ဂျောင်မင်းမျက်နှာကတော့စိုးရိမ်မှုတွေအထင်းသားပေါ်နေသည်။

𖣘 MEMOIR 𖣘 ( completed )Où les histoires vivent. Découvrez maintenant