ep-6

3.5K 365 16
                                    

Zawgyi

ငယ်ရည်းစားကိုအိမ်ပေါ်ထိခေါ်လာပြီး ပြုံးရယ်စကားပြောနေသော apaကိုမြင်ရတာ ဂျောင်ကုရင်ကို တမြေ့မြေ့နာကျည်းစေပါသည်။

omaတုန်းကသာ ခုလိုလေးနည်းနည်းလောက်ဂရုစိုက်ပေးခဲ့မယ်ဆိုခဲ့လျှင်၊ခုလိုလေးနည်းနည်းလောက်များပြုံးပြုံးရယ်ရယ်နဲ့ ချိုသာစွာပြောဆိုခဲ့မည်ဆိုခဲ့လျှင် အသက်ရှိစဉ်က omaတစ်ယောက်နာကျင်ခံစားခဲ့ရလိမ့်မည်မဟုတ်ခဲ့ပါ။

ပိုက်ဆံရှိလျှင် omaနဲ့သူ့အတွက်ပျော်ရွှင်ရမည်ဟုထင်ထားသော apaသည် သူတို့သားအမိအမှန်တကယ်လိုအပ်သည်မှာ ပိုက်ဆံမဟုတ်ဘဲ apa၏ ဂရုစိုက်မှုလေးသာဖြစ်ခဲ့ကြောင်း apaကိုသိစေချင်ပါသည်။

ရှစ်နှစ်အရွယ်သာရှိသေးသောသူ့ကိုဖက်ပြီး omaတစ်ယောက် ရှိုက်ကြီးတငင်ငိုကြွေးခဲ့ရသည့်နေ့ကို ဂျောင်ကုကောင်းကောင်းကြီးမှတ်မိနေပါသေးသည်။ အဲ့ဒီနေ့က ဂျောင်ကုရင်ထဲတွင် သူ့apaကိုအမုန်းပန်းတို့ပွင့်ရန် ဖူးငုံအစပျိုးသောနေ့တစ်နေ့ဖြစ်ခဲ့သည်။

အဲ့ဒီနေ့ကရွာတဲ့မိုးက သိပ်ကိုမုန်းစရာကောင်းခဲ့တယ်.....။

Necktie စည်းပြီးအလုပ်သွားဖို့ပြင်နေတဲ့apaရဲ့ လက်မောင်းတစ်ဖက်ကို ယုယုယယဖက်တွယ်ကာ အသနားခံတောင်းဆိုနေသော omaပုံရိပ်က ဂျောင်ကုရင်ထဲတွင်ဖျောက်ဖျက်၍မရအောင် မှတ်မိနေခဲ့သည်။

အနည်းငယ်ဟနေသောတံခါးပေါက်ကြားကနေမြင်နေရသော omaတို့ပုံရိပ်တွေက ကလေးသာသာပဲရှိသေးတဲ့သူ့အတွက်တော့ ဝမ်းနည်းစရာအကောင်းဆုံးမြင်ကွင်းတစ်ခုဖြစ်ခဲ့သည်။

အဖျားရှိန်ကြောင့်ရဲနေတဲ့omaရဲ့မျက်နှာထက်ကမျက်ရည်တွေက အာခေါင်ခြစ်၍ဖွင့်ဟပြီးငိုချလိုက်ချင်ပေမယ့် ခိုးကြောင်ခိုးဝှက်ချောင်းကြည့်နေရသည်မို့ အသံမထွက်စေရန် ပါးစပ်ကလေးကိုပိတ်၍သာ တိတ်တိတ်ကလေးကြိတ်ငိုနေခဲ့ရသည်။

"မောင်ရယ် ယုရီနေမကောင်းလို့ ဒီနေ့ယုရီအနားမှာနေပေးလို့မရဘူးလားဟင်"

"နေမကောင်းရင် Family doctorခေါ်လိုက်ပါလားယုရီရယ် ။ ကိုယ်အလုပ်များတာယုရီလည်းသိရဲ့သားနဲ့"

𖣘 MEMOIR 𖣘 ( completed )Where stories live. Discover now